မိုးတွေကလဲ ဖွဲဖွဲလေးရွာနေတယ် ကောင်းကင်ကြီးကလဲ ဒီနေ့မှ ပိုမဲမှောင်နေသယောင် ထိုစဥ် အနက်ရောင် ကားထဲမှဆင်းလာသော ရှူးဖိနပ်တစ်စုံ လက်ထဲတွင်လဲ ပန်းစီးတစ်ခုကို ကိုင်ဆောင်လာပြီး အဖြူရောင် အုတ်ဂူလေးဘေးနားကိုချပေးလိုက်သည်
ထိုသူရဲ့မျက်ဝန်းတွေထဲမှာလဲ ခံပြင်းခြင်း စိတ်မကောင်းခြင်း ဝမ်းနည်းခြင်းအရိပ်အယောင်တွေက အတိတ်ကဖြစ်ရပ်ကိုနာကျည်းနေသယောင်
"မင်းကောင်းကောင်းနေနေတယ်မလား"
အချိန်တွေကသိပ်မြန်တယ် ၇နှစ်တောင်ကြာသွားပြီလေ ရွေးချယ်စရာမရှိတဲ့ အရာတွေကြောင့်ဆုံးရှုံးမှုတွေကလဲ များတယ် အလျော်ကြေးကတော့ထင်သလောက်မရခဲ့ဘူးမလား
Jkအတိတ်ကိုတွေးမိတော့ တောက်ခ်တစ်ချက်သာခေါက်လိုက်မိသည်..
လွန်ခဲ့သော ၇နှစ်က,,,
ဟိုအဘိုးကြီးသေနတ်ကြောင့်လဲကျသွားတဲ့ထယ်ထယ်ကိုပွေ့ဖက်ရင်း သူ့ရဲ့ထယ်လေး သတိမမေ့သွားစေဖို့အရေးကြိုးပမ်းနေတဲ့Jungkook...
ပွင့်မလာတော့တဲ့ မျက်ဝန်းတစ်စုံနဲ့အတူဖျော့တော့တော့သာကျန်တော့သောအသားအရေ...
"မဖြစ်ဘူး ထယ်လေး ကိုတို့..ကိုတို့ကလေးလေးရှိသေးတယ်လေကွာ"
"ဟားဟား သိပ်ချစ်ကြတယ်မလား တူတူသေဖို့ ငါက ကူညီပေးရတာပေါ"
ထိုလူကြီးဆီက ကျည်ဆံတစ်ခုက Jungkookဆီကိုအရောက်လာနေစဥ်မှာပဲ
"Andwal!! Hyung!"
မင်ယောင်းက လဲနေရာကထပြီး ကိုယ်စားဝင်ခံလိုက်သည်..
"မင်ယောင်း!!!"
*ဒိုင်းဒိုင်း*
ထိုသေနတ်သံတွေကတော့သေချာပေါက် ဟိုအဘိုးကြီးဆီကိုသွားမယ့် ရဲအရာရှိ Jung Hoseokရဲ့သေနတ်ပြောင်းကပေါ့...
Hoseokက ထယ့်ommaရဲ့လက်ထောက်တစ်ဖြစ် မှုခင်းစုံထောက်ရဲအရာရှိကြီးဖြစ်သည် ထယ့်ommaရဲ့သူငယ်ချင်းသားမို့ရှယ်ယာတွေကို ထိန်းပေးထားပေမယ့် အဘိုးကြီးလက်ချက်ကြောင့် Hoseok Jungkookလက်ထဲကိုယ်တိုင်ထည့်ပေးခဲ့သည် ထိုအဘိုးကြီးကိုနောက်ကွယ်ကနေ ဖမ်းဖို့ တိတ်တဆိတ် လိုက်နေတဲ့သူဆိုပါတော့