Final

580 26 1
                                    

"သတို့သားနဲ့သတို့သမီးအကြင်နာပေးနိုင်ပါပြီ"

ဖာသာရဲ့စကားသံအဆုံး နှုတ်ခမ်းပါးနှစ်စုံထပ်တူကျသွားသည့်အလျောက် လက်ခုသြဘာသံများလဲခန်းမအတွင်း ​ဆူညံသွားသည်..

ခုလိုနေ့မျိုးမှာ မပျော်တဲ့သတို့သားနဲ့သတို့သမီးဆိုတာရှိမယ်လိူ့မထင် ခုရှေ့မှာမြင်နေရတဲ့ Park Jiminနဲ့ Min Yoongiတို့ရဲ့အပြုံးတွေကသက်သေပေါ့ ဒါပေမယ့် သူတို့မဂ်ဆောင်တုန်းကတော့ ထယ်လေးက ပျော်ခဲ့ပုံမပေါ်

Jiminနဲ့ထယ်ကိုသူအထင်လွဲခဲ့မိတာတဲ့ Jiminကလဲခုတော့အချစ်သစ်နဲ့ပျော်နေပီလေ Min Yoongiဆိုတာ သူ့ရဲ့အတွင်းရေးမှူးမလေးခုတော့Jiminရဲ့သတို့သမီးလေးပေါ့

အတိတ်အကြောင်းတွေကိုပြန်တွေးမိတော့ Jungkook ခပ်ဟဟပြုံးမိသည် အချိန်တွေကအရမ်းမြန်တာပဲ အတိတ်တွေကိုတွေးမိတိုင်း အမြဲချေမိုးနေတတ်ပီး သူ့ရှေ့ရောက်တိုင်းကလေးတစ်ယောက်လိုချွဲတတ်တဲ့ သူသိပ်ချစ်ရတဲ့ထယ်လေးအကြောင်းကတော့မပါမဖြစ်ပေါ့

"Jungkook shi"

ကို့အတွေးနဲ့ကိုယ်နယ်ချဲ့နေတုန်း လာနှုတ်ဆက်တဲ့Jiminကြောင့် အတွေးတေရပ်တန့်ပြစ်ကာ

"မဂ်လာပွဲအတွက် ဂုဏ်ယူပါတယ် Jimin shi"

Jiminက အသိမှတ်ပြုသလိုခေါင်း​ငြိမ့်ပြကာ

"ကျွန်တော် Japanမပြန်ခင် Jejuက hotel projectကိုအပြီးသတ်သွားချင်တယ်"

Jiminက LAပင်မရုံးမှာပဲအထိုင်များပေမယ့် Koreaက လုပ်ငန်းတွေကို Jeon groupနဲ့ဆက်စပ်ပြီးတော့ လုပ်နေခဲ့တာ လွန်ခဲ့တဲ့ ၆နှစ် ကိုရီးယားပြန်လာပီး Jungkookနဲ့ဆုံမိကာ ထယ်နဲ့အထင်လွဲတဲ့ကိစ္စကိုပြန်ပြောခဲ့သည့်အချိန်ကပင်ဖြစ်သည်.အဲ့ချိန်တုန်းက Jungkookတွေတွေကြီးမှိုင်သွားပီး ကမူးရူးထိုးပြန်သွားတာကိုမှတ်မိပါသေးသည်

"အင်း အဲ့တာက ပြီးတော့မယ်မလား မှီနိုင်ပါတယ်"

"Jungkook shi က တစ်ယောက်ထဲလား"

"Arnyi..ဟို ကျွန်တော်အပြင်ခဏသွားလိုက်အုံးမယ်"

jiminပြောလိုက်မှ တစ်ခုခုကိုသတိရသွားဟန်ဖြင့် ခန်းမထဲကို ဝေ့ဝဲရှာရင်း ခန်းမအပြင်သို့ရောက်မှ
မြက်ခင်းပေါ်တွင်ဆော့နေသော ကလေးငယ်အား
.
.
.
.
.
.
.
.
.
.
.
.
.

~Love is the only ~Where stories live. Discover now