မမ သို့မဟုတ် အစ်မ

1.2K 31 5
                                    

ဒါဟာ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ကျွန်​တော့်ရဲ့ ခံစားချက်အပိုင်းအစက​လေး မျှသာပါ။

Fanတစ်​ယောက်က idolတစ်​ယောက်ကို ​ရေးတဲ့စာ​ပေါ့။

ကျ​နော်ခံစားရတဲ့အတိုင်း ​ရေးထားတာ ဖြစ်တဲ့အတွက် တချို့စကားလုံး​တွေက အငြင်းပွားစရာ ဖြစ်​ကောင်းဖြစ်နိုင်ပါတယ်။

ကဗျာစာသားအားလုံးကို​တော့ ကဗျာဆရာ​မောင်​ဆောင်းခကို credit ​ပေးပါတယ်ဗျာ။

____

မမ သို့မဟုတ် အစ်မ

"နေ့တိုင်းပါပဲ

မမက မအားဘူး

ကျွန်တော်က အလုပ်များတယ်။

အလွမ်းတွေ ဖွာလန်ကျဲနေမှာပဲလို့

စောက်ရှက်မရှိ တစ်ဖက်သတ်တွေးတယ်

မမကို စိတ်နဲ့နမ်းပြီး စိတ်နဲ့ ဖက်ထားတယ်။

မမက တွန်းထိုး ရုန်းကန်တဲ့အခါ

အပြင်မှာ တကယ် ငိုရတယ်။

−မောင်ဆောင်းခ−"

ကျွန်တော်က သာမန်ကျောင်းသားတစ်ယောက်ပါ။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေနဲ့ ၂၀၂၀ အစောပိုင်းထိ အပူအပင်မရှိ တက္ကသိုလ်တက်နေခဲ့တဲ့ ကျောင်းသားတစ်ယောက်ပေါ့

အဆောင်ကသူငယ်ချင်းတွေရယ်.. ကျောင်းက squad လေးရယ်.. နေ့လည်ဘက်ဆို ထိုင်ခုံနေရာမရလောက်အောင် လူပြည့်တတ်တဲ့ ကျောင်းကန်တင်းရယ်.. ညနေဘက် ကျောင်းဆင်းတိုင်း နားကြပ်နှစ်ဖက်ကို နားမှာထည့်ပြီး လမ်းလျှောက်ခဲ့ရတဲ့ ညနေခင်းတွေရယ်က ကျွန်တော့်ရဲ့ ပုံမှန်နေ့ရက်တွေပါပဲ..

semester တစ်ခုကို ၆ ခါလောက်လုပ်ရတတ်တဲ့ presentation တွေနဲ့ အစအဆုံး ကူးဖြေခဲ့ရတဲ့ tutorial တွေကတော့ စိတ်လေးစရာကောင်းခဲ့ပေမယ့် အခုနေ ပြန်တွေးကြည့်ရင် ပျော်ဖို့ကောင်းခဲ့တဲ့ အမှတ်တရတွေပေါ့..

၂၀၂၀ ခုနှစ် မတ်လရဲ့ မနက်ခင်းစောစော ၄ နာရီလောက်မှာထင်ပါတယ်...ဖြေလက်စ စာမေးပွဲကို ရပ်လိုက်ပြီဆိုတဲ့ သတင်းကို ကျွန်တော်စကြားခဲ့ရတယ်..

အဲ့ဒီကနေစလို့ ကျွန်တော့်ရဲ့ ပုံမှန်နေ့ရက်တွေက ပျက်ပြားသွားရတော့တာပဲ..

JenSoo Short StoriesWhere stories live. Discover now