၁၉၉၅ ခုနှစ်မှာ ခရစ်နှစ်ကို ဖြိုခဲ့ပြီး
ဇန်နဝါရီလ ၃ ရက်နေ့ကို နှစ်သစ်လို့ သတ်မှတ်တယ်။
ကမ္ဘာငယ်လေးဟာ ဒီနေ့မှာ ၂၇ နှစ်ပြည့်ခဲ့တယ်။
ည ၁၂ နာရီထိုးသည်နှင့် ဖုန်းက Notification သံများ အဆက်မပြတ် မြည်လာသည်။ မက်ဆေ့တွေကို အသေးစိတ်ဝင်မကြည့်ဘဲ ဖုန်းစခရင်၏ အပေါ်က တက်လာသည့် Notification bar မှ တစ်ဆင့် ပေးပို့သူ တစ်ယောက်၏ အမည်ကို ဂျီဆူးရှာနေခဲ့သည်။ အင်စတာဂရမ်ကို အကြိမ်ကြိမ် refresh လုပ်နေခဲ့ပါ သော်လည်း မျှော်နေမိသည့် story တစ်ခုဟာ ပေါ်မလာခဲ့သေး။ တကယ်ဆို တင်လိုက်တာနဲ့ ကိုယ့်ရဲ့ ပရိုဖိုင်အဝိုင်းလေးဘေးမှာ သူ့ story လေးတက်လာရမှာ။
သိန်းနဲ့ချီသော မွေးနေ့ဆုတောင်းတွေကြားမှာ ကိုယ်ဟာ ကလေးငယ်ရဲ့ ဆုတောင်းကိုသာ အတောင့် တဆုံး ဖြစ်ကြောင်းသိလျက်နဲ့ ကလေးငယ်ဟာ ဆိတ်ငြိမ်နေခဲ့တယ်။
သောက်လက်စ နွားနို့ဘူးလေးထဲမှာ နွားနို့တွေကုန်စင်သွားသည့်နောက် ဘူးခွံကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်ခဲ့သည်။ သို့သော် မီးဖိုမှ ချက်ချင်းမခွာဘဲ စားပွဲပေါ်သို့ လက်ကို ထောက်ထားကာ ကလေးငယ်ဆီသို့ ပျံဝဲနေသည့် စိတ်အား ပြန်လည်စုစည်းရန် ကြိုးစားနေမိသည်။ လက်သည်းတွေနှင့် စားပွဲ၏ မာဘယ်သားတို့ ထိခတ်သံ တတောက်တောက်ဟာ အခန်းထဲမှာ ဝဲပျံလျက်။ တစ်စုံတစ်ရာအား စိတ်အလိုမကျ။
မနက် ၁ နာရီ..
မျှော်နေခဲ့သည့် အင်စတာဂရမ် story လေး တက်လာပါပြီ။ သို့သော် ရေးထားသည်မှာ @sooyaaa ဟူသည့် စာတန်းလေးတစ်ခုသာ။
ပြီးခဲ့သည့် ဆယ်စုနှစ်ကာလတစ်ခုမှာ အတူဖြတ်သန်းခဲ့ရသည့် နေ့ရက်တွေမှာ အားလုံးထဲမှာမှ သူနဲ့ ပတ်သက်တာလေးတွေဆိုရင် ဂျီဆူးဟာ အကုန်မှတ်မိနေခဲ့တာ။ Bandmates ဆိုတဲ့ စကားလုံးအောက်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို မီဒီယာတွေရှေ့ လစ်လျူရှုခဲ့ရတာလည်း အခါခါ။ ခံသာစရာရှိသည်က ကလေးငယ်ကလည်း ကိုယ့်လိုပဲ ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။
ကိုယ်ဟာ သူ့ထက်တစ်နှစ်နောက်ကျပြီးမှ ထရိန်နင်စင်တာကို ရောက်ခဲ့ရတာ။ စရောက်တဲ့နေ့တည်းက သူ့ကို သတိထားမိခဲ့တယ်။ သူဟာ အင်္ဂလိပ်စကားလုံးလေးတွေကို ကြားညှပ်ပြောတတ်တဲ့ ချစ်စရာ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ လေ့ကျင့်ချိန်ပြီးသွားတိုင်း ပင်ပန်းရလွန်းလို့ တစ်ချို့တွေ မျက်ရည်ပေါက်ပေါက်ကျသည်အထိ အားပြတ်ခဲ့ကြရတယ်။ ဒါပေမယ့် ကိုယ်ဟာ ဘယ်တော့မှ လူတွေရှေ့မှာမငိုဘူး။
YOU ARE READING
JenSoo Short Stories
Fanfictionများသောအားဖြင့် ကိုယ်ဟာ ဘာမှ မသိဘူး မင်းကို ချစ်တာ တစ်ခုက လွဲရင်ပေါ့