ဒါဟာ ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ခံစားချက်အပိုင်းအစကလေး မျှသာပါ။
Fanတစ်ယောက်က idolတစ်ယောက်ကို ရေးတဲ့စာပေါ့။
ကျနော်ခံစားရတဲ့အတိုင်း ရေးထားတာ ဖြစ်တဲ့အတွက် တချို့စကားလုံးတွေက အငြင်းပွားစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကဗျာစာသားအားလုံးကိုတော့ ကဗျာဆရာမောင်ဆောင်းခကို credit ပေးပါတယ်ဗျာ။
____
မမ သို့မဟုတ် အစ်မ
"နေ့တိုင်းပါပဲ
မမက မအားဘူး
ကျွန်တော်က အလုပ်များတယ်။
အလွမ်းတွေ ဖွာလန်ကျဲနေမှာပဲလို့
စောက်ရှက်မရှိ တစ်ဖက်သတ်တွေးတယ်
မမကို စိတ်နဲ့နမ်းပြီး စိတ်နဲ့ ဖက်ထားတယ်။
မမက တွန်းထိုး ရုန်းကန်တဲ့အခါ
အပြင်မှာ တကယ် ငိုရတယ်။
−မောင်ဆောင်းခ−"
ကျွန်တော်က သာမန်ကျောင်းသားတစ်ယောက်ပါ။ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေနဲ့ ၂၀၂၀ အစောပိုင်းထိ အပူအပင်မရှိ တက္ကသိုလ်တက်နေခဲ့တဲ့ ကျောင်းသားတစ်ယောက်ပေါ့
အဆောင်ကသူငယ်ချင်းတွေရယ်.. ကျောင်းက squad လေးရယ်.. နေ့လည်ဘက်ဆို ထိုင်ခုံနေရာမရလောက်အောင် လူပြည့်တတ်တဲ့ ကျောင်းကန်တင်းရယ်.. ညနေဘက် ကျောင်းဆင်းတိုင်း နားကြပ်နှစ်ဖက်ကို နားမှာထည့်ပြီး လမ်းလျှောက်ခဲ့ရတဲ့ ညနေခင်းတွေရယ်က ကျွန်တော့်ရဲ့ ပုံမှန်နေ့ရက်တွေပါပဲ..
semester တစ်ခုကို ၆ ခါလောက်လုပ်ရတတ်တဲ့ presentation တွေနဲ့ အစအဆုံး ကူးဖြေခဲ့ရတဲ့ tutorial တွေကတော့ စိတ်လေးစရာကောင်းခဲ့ပေမယ့် အခုနေ ပြန်တွေးကြည့်ရင် ပျော်ဖို့ကောင်းခဲ့တဲ့ အမှတ်တရတွေပေါ့..
၂၀၂၀ ခုနှစ် မတ်လရဲ့ မနက်ခင်းစောစော ၄ နာရီလောက်မှာထင်ပါတယ်...ဖြေလက်စ စာမေးပွဲကို ရပ်လိုက်ပြီဆိုတဲ့ သတင်းကို ကျွန်တော်စကြားခဲ့ရတယ်..
အဲ့ဒီကနေစလို့ ကျွန်တော့်ရဲ့ ပုံမှန်နေ့ရက်တွေက ပျက်ပြားသွားရတော့တာပဲ..
VOCÊ ESTÁ LENDO
JenSoo Short Stories
Fanficများသောအားဖြင့် ကိုယ်ဟာ ဘာမှ မသိဘူး မင်းကို ချစ်တာ တစ်ခုက လွဲရင်ပေါ့