A Scent of Flower

241 30 0
                                    

Workshipping Jisoo Kim

စိတ်အဆင်မပြေတဲ့ နေ့တွေမှာ
အသက်ရှူရတာ မွန်းကြပ်လွန်းတယ်။

ဗုံးကြဲလေယာဉ်တွေ
နေ့စဉ်ကိုယ့်ခေါင်းပေါ်ဖြတ်ပြီး
ဗုံးခိုကျင်းထဲ ကျောခင်းရတဲ့နေ့တွေမှာ
ကိုယ့်အဖြစ်တွေကိုပြောပြလည်း
ဘယ်သူမှ နားမလည်နိုင်ကြဘူးလေ။

စိတ်ရှုပ်လိုက်၊ ဆေးလိုက်သောက်လိုက်နဲ့
ဘဝဟာ မရေရာ။

ကျဆုံးသွားတဲ့ သူငယ်ချင်းတွေ
မျက်နှာကို မြင်ယောင်လာတဲ့အခါမှာ
"ငါဘာလို့ အသက်ရှင်နေတာလဲ"လို့ တွေးမိတဲ့ အထိပါပဲ။

ဒီလိုနဲ့ပဲ..
နွေဦးရောင်ခြည်လေးဟာ ကျွန်တော့်အတွက် ဖြာလင်းပေးခဲ့တယ်။

ငွေကြေးတန်ဖိုးအများကြီး ကုန်ကျခံထားတယ်တဲ့။
Christian Dior မိတ်ကပ်ဘူးလေးကို ကိုင်လို့
အနက်ရောင်ဂါဝန်နဲ့ ကျွန်တော့်ဆီကို လမ်းလျှောက်လာနေတဲ့ သူ(မ)..

ဂါဝန်လေးကို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်
နှဖူးပေါ်ချထားတဲ့ ဆံမြိတ်ပါးလွှာလွှာလေးမှာ
အို.. ကျွန်တော်ဟာ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးသာ ဖြစ်လိုက်ချင်တယ်ဗျာ။

နှစ်တွေနဲ့ ချီပြီး စောင့်ခဲ့ရတဲ့ MV
နှစ်တွေနဲ့ ချီပြီး မျှော်ခဲ့ရတဲ့ Solo comeback ပါဗျာ
ဘယ်သူထင်မှာလဲ ဒီ MV ကိုတောထဲမှာ စစ်ယူနီဖောင်းဝတ်ပြီး ကြည့်ရလိမ့်မယ်လို့..

ကျွန်တော်ဟာ မမ Jisoo အတွက်ဆို
ကျွဲကြီးလို၊ နွားကြီးလို..
အို.. အလိုရှိတိုင်း ခြေတော်တင်ပါ မမရယ်။

ဒီသီချင်းဟာ မှောင်မိုက်နေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက ရဲဘော်လေးတစ်ယောက်အတွက် အားဆေးပဲ။

ဒီသီချင်းဟာ စစ်အာဏာရှင်ကို ဆက်တော်လှန်လိုတဲ့သူတစ်ယောက်အတွက် မျှော်လင့်ခြင်းပဲ။

ဟေး ကောင်းကင်က ကြယ်ကလေး
Rosé ရဲ့ -R- album မထွက်ခင်လေးမှာ
ခင်ဗျားကောင်းကင်ပေါ်တက်သွားတာကို
ကျွန်တော်မှတ်မိနေတုန်းပဲ။

အခု ကျွန်တော် တောထဲမှာ သေနတ်ကိုင်လို့
Jisoo ရဲ့ ပထမဆုံး solo song ကို နားထောင်နေရပြီ
နာမည်က -Me- တဲ့ဗျာ။

လာပါ ကြယ်လေးရေ
ခင်ဗျားနဲ့ ကျွန်တော်နဲ့ စကားပြောရအောင်
တော်လှန်ရေးအကြောင်း၊
Gone နဲ့ Flower အကြောင်း၊
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်လေးတွေအကြောင်း။

ကျေးဇူးပါ ဂျီဆူးကင်

ဒီနေ့ ကျွန်တော်ဟာ မမရဲ့ သီချင်းကို နားထောင်ရင်း တိုက်ပွဲဝင်ဖို့ ပြင်ဆင်မှာပါ။

တောလမ်းထဲလျှောက်ရင်းနဲ့ ခရမ်းရောင် ပန်းပွင့်လေးများတွေ့ခဲ့ရင် မမ ကျွန်တော့်ကို အားပေးတယ်လို့ပဲ မှတ်မယ်ဗျာ။

ကျွန်တော် မမရဲ့ သီချင်း MV ကို ရှေ့တန်းနဲ့အနီး တစ်နေရာကနေ ကြည့်ခဲ့ပါတယ်ဗျာ။

15:33 31.3.2023

JenSoo Short StoriesWhere stories live. Discover now