16 Zawgyi

263 12 0
                                    

ဒီနေ့ representative test လုပ်မယ့်နေ့.
heeseung နဲ့ geonu hyung တို့ရဲ့ butterfly သီချင်းသံက အိမ်ထဲမှာပျံ့လွင့်နေတယ်.
အကျီအဖြူရောင်လေးနဲ့ hyung တို့က
တကယ်ကြည့်ကောင်းပါတယ်.
သူတို့အစား jake ကို ပြန်ပြောင်းကြည့်လိုက်တော့

hmm.....

အဲ့ကလေးကို တခါတလေ
နားကိုမလည်နိုင်ဘူး.
ဟုတ်သော်ရှိမဟုတ်သော်ရှိ အမည်းဝတ်ရင် ground ကျလိမ့်မယ်ဆိုတဲ့ ယုံတမ်းစကားကြောင့် I-lander တွေက အမည်းကိုရှောင်ပြီးဝတ်တဲ့နေ့မှာမှ သူက
အမည်းရောင်ဝမ်းဆက်နဲ့.
''မဝတ်ပါနဲ့''လို့ ပြောရအောင်လည်း
သူ့ကိုချုပ်ချယ်ရာကျနေတယ်လေ

ဘယ်တတ်နိုင်မှာလဲ.
test မှာ I-land က နိုင်အောင်
အစွမ်းကုန်ကြိုးစားရုံပဲရှိတော့တာပေါ့


I-land stage.
ကျွန်တော်အိပ်မက်မက်ခဲ့ရတဲ့နေရာ.
အခုတော့ကျွန်တော်ရပ်နေနိုင်ပြီတဲ့လား.
NI-KI.nicolas နဲ့ Jaeho hyung တို့က
ပေါ့သေးသေးမဟုတ်ပေမဲ့ ကျွန်တော်ကတော့ ယုံကြည်ချက်ရှိတယ်.
မလာခင်တုန်းက jake က ကျွန်တော့်ကို
ပြောခဲ့တယ်လေ

''ငါ မင်းကိုယုံကြည်တယ် '' ဆိုပြီး

အနောက်ကနေ လျှောက်လာတဲ့ sunoo တို့က ကျွန်တော့်ကိုမြင်ပြီး အံ့သြသွားတာကို တွေ့လိုက်ရတယ်. အံ့သြသင့်ပါတယ်.
ဆရာတွေလည်း အံ့သြနေမှာပါပဲ

ကျွန်တော်က Park Jay ရဲ့နေရာမှာ
ရပ်နေတာမဟုတ်လား

<<<<<

ကျွန်တော်က အစကတည်းက dance unit မှာ ပါချင်ခဲ့တာ. K hyung က Jungwon နဲ့ jay ကို ရွေးခဲ့တာမို့ ကျွန်တော့်အတွက်နေရာမရှိတော့ပေမဲ့ ကျွန်တော်ကြိုးကြိုးစားစားလုပ်တုန်းပဲ.
lead role က main role မဖြစ်နိုင်ဘူးလို့
ဘယ်သူပြောလဲ

သူတို့လေ့ကျင့်နေတဲ့အချိန်ဆို တခါတလေ သူတို့နဲ့ ကျွန်တော်လည်း လိုက်ညှိကြည့်တယ်. တခေါက်တုန်းက jay ကို K hyung
ဆူနေတာ ကြားလိုက်ရတယ်.
ကကွက်တခုကို jay က မလုပ်နိုင်လို့တဲ့.
ကျွန်တော့်အတွက်ကတော့ အဲ့တာက အေးအေးဆေးဆေးလုပ်လို့ရတာမျိုး.
figure skaker မို့လို့ ပိုလွယ်နေလားတော့
မသိဘူး

အဲ့နေ့ညနေဘက်လောက် ကျွန်တော်
နားနေတဲ့အချိန် K hyung က ကျွန်တော့်ကို စကားလာပြောတယ်.
ကျွန်တော်တကယ်မထင်ထားတဲ့စကား

my SOULMATE ✔Where stories live. Discover now