15

337 43 0
                                    

Unicode

ဒီနေ့မနက် အိပ်ရာထရတာ
ကောင်းလိုက်တာ.
မျက်လုံးဖွင့်လိုက်တာနဲ့ jake ကို
မြင်နေရတာကို သဘောကျတယ်.
jake နဲ့ တခန်းထဲမှာအတူရှိနေတယ်ဆိုတဲ့
အသိက ကျွန်တော့်ကို ကောင်းကောင်း
အိပ်ပျော်စေတယ်.

ဒါပေမဲ့ တချိန်လုံး Shim Jaeyun နေလို့မှ
မဖြစ်နိုင်တာ.ကျွန်တော်လည်း
လေ့ကျင့်ရဦးမှာပေါ့. representative unit မှာ ကျွန်တော်ပါလို့မရခဲ့ပေမဲ့ ကျွန်တော်လိုချင်တဲ့ part ကို လေ့ကျင့်သွားမှာ.
heeseungie hyung ကလည်း
အရေးပေါ်အခြေအနေမှာအစားထိုးနိုင်ဖို့
test မှာ မပါရတဲ့ I-lander တွေကို practise လုပ်ခိုင်းထားတယ်လေ

ကျွန်တော်ရယ်.ကျွန်တော့်ရဲ့ jake ရယ်.
EJ ရယ်က dance unit မှာ...

မနေ့က အစောကြီးအိပ်ခဲ့တာမို့ အခုတော့
practise လုပ်ရတော့မယ်.
မနက်စာစားပြီးတော့ jake ကို လေ့ကျင့်ဖို့
အဖော်ခေါ်နေမိတယ်

sunghoon: ငါတို့ မြန်မြန်လေ့ကျင့်ရအောင်

jake: ငါ နည်းနည်းလုပ်ပြီးသွားပြီ

sunghoon: ဘယ်အထိလဲ

jake:ဟို...ငါ..ငါက part 3 အထိ
တယောက်တည်းလုပ်ထားတာရှိတယ်
မလား.အဲ့ကစပြီး မလုပ်နိုင်တော့ဘူး.

sunghoon: လုပ်ရမှာပေါ့.ဒါပေမဲ့...

ပြောပြီးမှ ကျွန်တော်လည်း နောင်တရသွားတယ်. jake လည်း ကြိုးစားထားမှာပေါ့
သူလည်း debut ချင်တာပဲလေ.
training period နည်းနည်းပဲရှိသေးတဲ့ကလေးကို ကျွန်တော် ဘာတွေများ
ပြောနေမိပါလိမ့်

jake ကို ခိုးကြည့်လိုက်တော့ မျက်နှာ​ငယ်လေးနဲ့ ဘာတွေတွေးနေလဲမသိဘူး.
သူစိတ်အခြေအနေသိပ်မကောင်းလောက်ဘူး ထင်လို့ ကျွန်တော်တယောက်တည်းပဲ
practise လုပ်ဖို့ ထွက်လာခဲ့လိုက်တော့တယ်

🐶🐧🐶🐧🐶🐧

3 ရက်ပဲကျန်တော့တာမို ကြိုးကြိုးစားစားလေ့ကျင့်နေတဲ့အချိန် jake ရယ်.EJ ရယ်က
practice room ထဲဝင်လာကြတယ်.
တူတူလေ့ကျင့်ရအောက် ဆိုပြီး...

jake နဲ့မတူမို့လို့လားမသိဘူး.
လေ့ကျင့်ရတာပိုအဆင်ပြေသွားသလိုပဲ.
တချိန်လုံး jake ကို ခိုးကြည့်နေတာမို့
ပင်ပန်းတာကိုတောင်မခံစားရဘူး

my SOULMATE ✔Tempat cerita menjadi hidup. Temukan sekarang