Unicode
02.09.2021
ဒီတလော နေမကောင်းသလို ခံစားရတယ်.
CB အတွက် ပြင်ဆင်ရင်း ပင်ပန်းသွားလို့
ထင်တယ်. ဒါပေမဲ့ ချစ်ရတဲ့ ENGENE လေးတွေအတွက်ပဲလေ.
ပင်ပန်းတာ စာမဖွဲ့လောက်ပါဘူး.26 ရက်နေ့တုန်းက covid စစ်ခဲ့တာ
အားလုံးက negative တဲ့.ဒါပေမဲ့ 27 ရက်ကျတော့ jake က ဖျားတယ်.
မသက်သာတာမို့ ကျွန်တော် စိတ်ပူမိတယ်.
မတော်လို့ ဒီကောင်လေးသာ
covid positive ဖြစ်သွားရင်.....ဟင့်အင်း. မတွေးရဲဘူး.
သန်မာတဲ့ကလေးလေးက
ဒီရက်ပိုင်း အားနည်းနေတယ်ဆိုပေမဲ့
လောကကြီးက အဲ့လောက်ထိ
ရက်တော့မစက်လောက်ဘူးမလား..ညဖက်တခုခုဖြစ်မှာစိုးလို့ သူ့နားမှာ
ကျွန်တော်စောင့်ပေးတော့ ကျွန်တော့်ကို
သူက မသိမသာနှင်တယ်.
သူသာ positive ဆိုရင်
ကျွန်တော့်ကိုကူးမှာစိုးလို့ တဲ့.
mask အောက်က ငိုသံနှောနေတဲ့
ချောင်းဆိုးသံကိုနားထောင်ရတာ
တကယ် အဆင်မပြေဘူး.
ကြားရတာ အသက်ရှူတွေပါကြပ်လာတယ်.မင်းအစား ငါသာ ဖြစ်လိုက်ချင်တယ်
Jaeyun ရယ်...နောက်နေ့ကျတော့ jake က Q center ကို
ရောက်သွားတယ်.
heeseungie hyung ရယ်
jay ရယ် won ရယ် ကျွန်တော်ရယ် ကလည်း
လက္ခဏာတွေပြလာတာမို့
ကျွန်တော်တို့ကိုလည်း
တခါတည်းထပ်စစ်ခိုင်းတယ်.တနေကုန် covid က ကျွန်တော်ဖြစ်ချင်ဖြစ်.
jake ကတော့ မဖြစ်ပါစေနဲ့ လို့
ဆုတောင်းခဲ့တာ.
Result ထွက်လာတော့
ရယ်ရမလို ငိုရမလို ဖြစ်သွားတယ်.jake ရော ကျွန်တော်ရော positive တဲ့.
ပိုဆိုးတာက Jungwon. jay နဲ့ heeseungie hyung တို့ပါ positive ဖြစ်ကုန်တာကို..
sunoo နဲ့ Ni-Ki တို့ ဘာမှမဖြစ်လို့သာပဲ.
မဟုတ်ရင် ENGENE လေးတွေ
ပိုခံစားရမှာ..ကျွန်တော် covid မဖြစ်ခင်ကတည်းက
မကြာခဏ တွေးမိနေတာက
'' ငါ ဒါမှမဟုတ် jake သာ covid ဖြစ်ခဲ့ရင်...''
ဆိုတဲ့အတွေးကို..ကျွန်တော်သာဖြစ်ရင် jake ကို
ကျွန်တော့်အဝေးဆုံးမှာပို့ထားမယ် လို့
တွေးတယ်.
သူက နည်းနည်းလေးမှ ထိခိုက်လို့
မဖြစ်ဘူးလေjake သာ ဖြစ်ခဲ့ရင်တော့
ဘာပဲဖြစ်နေဖြစ်နေ အဆုံးထိ
သူ့ဘေးမှာနေပေးမယ် လို့ စိတ်ကူးပြီးသား

ESTÁS LEYENDO
my SOULMATE ✔
Fanficကျွန်တော့်တယောက်တည်းရဲ့ ခံစားချက်တွေကို စာတစ်ပိုဒ်အဖြစ် ပြောင်းလဲလိုက်တဲ့အခါ ဒီ စာစုလေး ဖြစ်လာခဲ့တယ် adorable JAKEHOON moments collections