Chapter 5 <End>

1.1K 163 16
                                    

Unicode:

Chapter 5

သူ့ကို သေ​ဒဏ်ချမှတ်လိုက်ကြောင်း သိရသောအခါ ကျိုးဝမ် ငြိမ်းချမ်းသွားသလို ခံစားလိုက်ရ၏။ သေနတ်သံကြားပြီးသည်နှင့် ညီလေးကို သွားတွေ့နိုင်တော့မည်။

သူ့ထက် ခြောက်နှစ်ငယ်သော ညီလေးက အမြဲလိုလို ပိန်ပါး ဖျော့တော့နေပြီး သူ့နောက်သို့ ငြိမ်ငြိမ်လေး လိုက်နေတတ်သည်။

ထိုအချိန်က အလွန်ဆင်းရဲခဲ့ရာ ညီအစ်ကိုနှစ်ယောက်ဓာတ်ပုံတစ်ပုံမျှပင် မရိုက်နိုင်ခဲ့။ သို့သော်ငြားလည်း ကျိုးဝူ၏ ပိန်ပါးပါးပုံရိပ်လေးကို ရှင်းလင်းစွာ မှတ်မိပါသေး၏။

ထိုအချိန်က လပေါင်းများစွာ အသားမစားနိုင်ခဲ့။  လမ်းဘေးစျေးတန်းမှ မွှေးပျံ့လာသော စားစရာနံ့ကို ရသောအခါ သူ့ညီလေးက ခြေလှမ်းများကို ရပ်ပစ်တတ်သည်။ သို့ရာတွင် သူက အလွန်နာခံတတ်သော ကလေးဖြစ်ပြီး ဘာတစ်ခုမျှ မတောင်းဆိုခဲ့ဖူး။

သူ့ညီလေးမှာ သနားစရာကောင်းလှသဖြင့် ကျိုးဝမ်က ရေကန်ဘက်သို့ သွားပြီး လယ်ခရုဖမ်းခဲ့သည်။ ခြင်းတစ်ခြင်းအပြည့်ရသောအခါ နှစ်ယွမ်ဖြင့် ရောင်းပြီး တို့ဟူး ဝယ်လိုက်သည်။ သူ့ညီလေးက အလွန်ဆာလောင်နေသော်လည်း သူ့ကိုသာ ဦးစွာ စားစေခဲ့သည် ..။

အခြားသူများက အသားငါးဝယ်စားနိုင်သော်လည်း သူတို့တွင် ခြူးတစ်ပြားမျှ မရှိ။ အလွန်တရာ ဆာလောင်လာသောအခါ သူ့ညီလေးကို အနီးနားလယ်ကွင်းရှိ ရေမြောင်းသို့ ခေါ်သွားခဲ့သည်။ ရေမြောင်း တစ်နေရာကို ရွှံဖြင့် ပိတ်ပြီး ငါးအသေးများနှင့် လယ်ခရုများကို ဖမ်းသည်။ သူတို့အဘွားက ချက်စားခွင့်မပေး .. ဆီကုန်သောကြောင့် ဟူ၏။ ထို့ကြောင့် ဆီတစ်စက် နှစ်စက်မျှ ဆမ်း၍ ပြုတ်စားခဲ့ရပါ၏။ သည်လိုစားရသည့်အခါတိုင်း သူ့ညီလေးက "အရမ်းကောင်းတဲ့ကိုကို" ဟု ပျော်ရွှင်စွာ ခေါ်စမြဲ ..  သူက ညီလေးကို ကောက်ချီလိုက်စမြဲ .. ညီလေးက သူ့ပါးကို အာဘွားပေးစမြဲ .. ။

သူ့ညီလေး ငါးနှစ်သားတုန်းက အိပ်ရာမဝင်ခင် ရေသောက်များသွားပြီး ရလဒ်က အိပ်ရာထဲရှူးရှူးပေါက်ချမိခြင်း။ နောက်တစ်နေ့နံနက်တွင် သူက ရှက်ရွံ့စွာဖြင့် အော်ငိုပြီး အိပ်ရာထဲမှ ထခိုင်း၍ မရတော့ ..။

REVENGE || ကလဲ့စား || မြန်မာဘာသာပြန်Where stories live. Discover now