unicode
"ဝှစ်!!ဖြောင်း!! "
"ဖြောင်း!!"
"ဖြောင်း!!"
မှောင်မိုက်နေသောအခန်းတစ်ခု၏မှိန်မျမျမာကျူမီးအလင်းရောင်အောက်တွင်လူးလိမ့်နေအောင်အရိုက်ခံနေရသောနမ်ဂျွန် ။နာကျင်မှုတေကိုပါးစပ်ကဖွင့်ထုတ်ရ လောက်အောင်ထိအားအင်မရှိတော့တာကြောင့်ကျောပေါ်သို့
ကျရောက်လာတဲ့ခါးပတ်ရာတေကိုသူမရှောင်မိ ။အိမ်ကိုပြန်ရောက်ကတည်းကခြံဝမှစီးရိုက်သောတစ်ချိန်ကသူ့ရဲ့မွေးစားဖခင် ။ယခုလည်းဘယ်ချိန် ရောက်နေပြီရယ်မသိ မရပ်မနားရိုက်နေတာမို့သူ့မှာ အနာပေါ်အနာဆင့်ကာ အသက်ပင်ခပ်မြှင်းမြှင်းသာ ရှူနေရသည် ။
သူ့စံအိမ်ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သတ်လာရင် သူ့ကိုသတ် ဖို့တောင်ဝန်လေးနေမှာမဟုတ်သောkimလူကြီးမင်း ကတစ်ချိန်ကသူ့ရဲ့မွေစားဖခင် ။ငယ်ဘဝရဲ့တစ်ချိန် တုန်းကလည်း ထိုထက်ဆိုးသောနှိပ်ဆက်မှုများကို သူခံစားနေကျမို့ ယခုလိုနာကျင်မှုမျိုးကအသားကျ နေချေသည် ။
အရင်ကဖြူလွှလွှကျောပြင်သေးသေးတွင်တော့ရဲပတောင်းခတ်နေသောသွေးများနဲ့ဆုတ်ပြတ်နေသောအရှိုးရာများထပ်နေသည် ။ဆော့ဂျင်လည်းဘေးနား တွင်ရပ်ကြည့်နေရုံမှတပါးတခြားမလုပ်နိုင် ။
မနေ့က မနက်ကရုတ်တရပ်ဆေးရုံဆင်းချင်တယ်ဆိုသော ဖခင်ဖြစ်သူကြောင့်မနက်စောစောထကာဆေးရုံဆင်းဖို့ရာသွားကူနေသည်မို့ နမ်ဂျွန်ဘယ်ချိန်ကျောင်း သွားသည်မသိလိုက် ။အိမ်ပြန်လာတော့လည်း မနက်ကတည်းကစိတ်တိုနေသောအဖေက ရောက်ရောက်ခြင်းနမ်ဂျွန်ကိုအိမ်ဝကစီးရိုက်သည်မို့သူနားမလည်စွာမေးမိတော့ လက်ပ်တော့တစ်ခုကို လှည့်ပြလာသောအဖေ ။ထိုထဲကတတ်လာတဲ့ပုံတေ ကြောင့်ဆော့ဂျင်မှာလက်သီးကိုကျစ်နေအောင် ဆုတ်ထားမိသည် ။
နမ်ဂျွန်အခန်းကိုဝင်သွားပြီးထိုကိစ္စကိုမေးပြန်တော့လည်းဘာစကားမှပြန်မလာတာကြောင့်စိတ်ကပိုတိုလာရသည် ။အသက်မဲ့နေတဲ့မျက်နှာနဲ့အေးဆက် ဆက်အကြည့်တေကတခြားလူတစ်ယောက်လိုပြောင်းလဲသွားတာကြောင့်ဆော့ဂျင်လည်းဆက်မေးမနေတော့ပဲစိတ်ပျက်လက်ပျက်အခန်းထဲကထွက်လာလိုက်သည် ။

أنت تقرأ
Senior ' Min ' (Season-1)
أدب الهواةဘယ်သူထင်မှာလည်းစီနီယာမင်ရဲ့ချစ်သူကကောင်လေးတစ်ယောက်ဆိုတာ...။ idolကိုထိခိုက်စေလိုချင်းမရှိပါ.... #Zawgyi + Unicode #SoPe #NamJin #buttom hope,joon ဘယ်သူထင်မှာလည်းစီနီယာမင်ရဲ့ချစ်သူကကောင်လေးတစ်ယောက်ဆိုတာ...။ idolကိုထိခိုက်စေလိုချင်းမရှိပါ.... #Zawgyi +...