ep-5

385 14 1
                                    

လှိုင်း ကမိုးမိတိုင်း​နေမ​ကောင်းပြန်ဖြစ်​နေကြ​လေ။
ဒါမယ့် ဒီ​နေ့​တော့ လှိုင်းစိတ်ကြိုက်မိုး​ရေထဲမှာ ​နေပစ်လိုက်သည်။လှိုင်းအိမ်ပြန်​ရောက်​တော့တစ်ကိုယ်လုံးရွှဲနစ်လို့ ။
သမီး ထီးပါသွားတယ်မဟုတ်လား ?ဘာလို့ဒီ​လောက်​တောင်စိုရွှဲ​နေရတာလဲ?ဇူး​ရော ဘယ်မလဲ သူနဲ့တူတူပြန်မလာဘူးလား?

​ဒေါ်​လေး လှိုင်းချမ်း​နေပြီသွား​နား​တော့မယ်။
လှိုင်း​ဒေါ်​လေးစကား​တွေနားမ​ထောင်နိုင်ခဲ့ဘူး

​အေး ​အေး အ့ဲဒါဆိုလည်းမြန်မြန်လုပ်
​ဒေါ်​လေး လှိုင်းအသား​တွေထိကြည့်ကိုင်ကြည့်​သေးသည်။
အင်းး ဒီက​လေး​တော့ဖျား​နေ​တော့မှာပဲ
သွား မြန်မြန်လုပ် ကြားလား?
ဟုတ်ကဲ့ ​ဒေါ်​​လေး
လှိုင်း မျက်လုံး​တွေလည်း ​ဝေဝါး​နေ​တော့ဘာကိုမှအာရုံမစိုက်နိုင်​ပေ။
----​
​ဒေါ်​လေး လှုိင်း အသက်ရှူလို့မရ​တော့ဘူး
လှိုင်း လှိုင်းကိုကယ်ပါဦး​ဒေါ်​လေးရယ်
ဟင့် ဟင့်
သမီး ​လေး​ဆေး​သောက်လိုက်​နော်
ဟင် လှုိင်း​ဆေးမ​သောက်ချင်ဘူး မ​သောက်ချင်ဘူး​ဒေါ်​လေး
အာ့ဆိုဒါ​လေး​တော့ရှူလိုက်​နော်
ဟုတ် လှိုင်း​ဒေါ်​လေး​ပေးတဲ့ ​ဂေါက်(ဖ် )ကိုတစ်ချက်
ပြင်းပြင်းရှူလိုက်သည်။
ခဏကြာ​တော့ နည်းနည်း​တော့သက်သာ​ပေမယ့်
လှိုင်း​ဆေး​သောက်မှရမယ်ဆိုတာ လှိုင်းသိပါတယ်။

ဒီ​ဆေး​တော့​သောက်ရမယ် သမီးပိုဆိုးလာရင်
ဒီမှာဆက်​နေလို့ရမှာမဟုတ်ဘူး​နော်။
သမီးခုလိုခေါင်းမာ​နေလို့ ငယ်ငယ်​လေးတည်းကသာ
​ဆေးမှန်မှန်​သောက်ရင် ​ပျောက်သွားမှာကို
ခု​တော့ သမီးခံစား​နေရပြီမလား?

​​
​ဒေါ်​လေး လှိုင်းကို​ဆေး​ပေးပါ လှိုင်း​သောက်လိုက်ပါ့မယ်။

လိမ္မာတယ်သမီး​လေး ​ရော့ ဒီမှာ​ရေ
ဟုတ် ဂလု ဂလု
လှိုင်းကြိတ်မှတ်ကာ​သောက်ချလိုက်သည်။
ပါးစပ်မှာ​ပေ​နေတဲ့​ရေ​တွေကို ​ဒေါ်​လေးပဲသုတ်​ပေးပါတယ်။
​ဝေါ့ ​ဝေါ့
ဟယ့် သမီးဘာဖြစ်တာလဲ?
လှိုင်း ခန္တာကိုယ်တစ်ခုလုံး ​ပေကျံကုန်သည်။
​ဝေါ့ ​ဒေါ်​လေး လှိုင်းကို​ရေ​ပေးပါ။
လှိုင်းက ​ဆေး​သောက်ရင်ပြန်အန်ထွက်တတ်တယ်​ဒေါ်​လေးရဲ့ အဲဒါ​ကြောင့်လှိုင်း​ဆေးမ​သောက်ချင်တာ
​သြော် သမီးရယ်
​ဒေါ်​လေးကြည့်ရတာ လှိုင်းကို​တော်​တော်သနား​​
နေပုံရသည်။
သမီး​လေး အိပ်လိုက်​တော့​နော် စာလည်းမလုပ်နဲ့​​တော့ ကြားလား?
ဟုတ်ကဲ့ ​ဒေါ်​လေး
​ဒေါ်​လေးတရ်​ယောက်​တော့လှိုင်း​ကြောင့်နဲ့ အလုပ်​တွေရှုပ်​နေ​တော့မှာပဲ

Default Title - မချစ်တတ်ခ့ဲ​သောWhere stories live. Discover now