"လှုိင်း" ဒီနေ့ ဘယ်လိုလဲ ကျောင်းမှာ
အဆင်ပြေရ့ဲလား။
အင်းပြေပါတယ်။လှုိင်းအသံလေးညှိုးနေသည်ကိုကျွန်မသတိထားမိသည်။
ဘာလို့လဲတော့ကျွန်မမသိ
"လှုိင်း တစ်ခုခုဆိုမကိုအရင်ဆုံးပြောပြရမယ်နော်။စိတ်ထဲမြိုသိတ်မထားန့ဲ။
"အင်းပါ"လှုိင်းတကယ်ဘာမှမဖြစ်ပါဘူး"
ပြီးရောလေ ဒါဆိုပြန်ကြစို့--
-------------
စာကြည့်စားပွဲရှေ့တွင်ထိုင်နေမိသော်လည်း
လူကစာလုပ်နေခြင်းမဟုတ်
စိတ်တို့ကပျံ့လွင့်နေသည်။
"မ"ဘယ်လူစားမျိုးပါလိမ့် ?
တကယ်မတွေးတတ်ဘူး မ န့ဲပက်သက်ပြီး
ကိုမသိတ့ဲလူကိုလည်း သေချာ
ဂရုစိုက်တယ်။သူငယ်ချင်းတွေန့ဲလည်း
တော်တော်ကိုရင်းရင်းနှီးနှီးနေတတ်တဲ့ပုံပါပဲ။ကျွန်မန့ဲတော့လုံးဝကွဲပြားနေသည့်စတိုင်မို့
သူ့ကိုပို၍အာရုံစိုက်နေမိသည်။သူ့အကြောင်းတွေပို၍တွေးမိသည်။
ကျွန်မ မလုပ်နုိင်တ့ဲပုံစံမျိုးရှိသူမို့ မ ကတော့ကျွန်မရ့ဲစံပြ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ကျွန်မလည်း မ လိုပျော်ပျော်ရွှင်လေးနေချင်မိတယ် ဒါမယ့်ကျွန်မအတွက်အရမ်းကိုခက်ခဲလွန်းသလားလို့ပါ။ကျွန်မကဘာလို့တစ်ယောက်ထဲ
မွန်းကျပ်နေရတာလဲဟင်။အ့ဲအကြောင်းတွေန့ဲပက်သက်ပြီးကျွန်မမသိဘူး။သိလည်မသိချင်ဘူး။သမီးလှုိင်းရေ မအိပ်သေးဘူးလား
ဆေးသောက်ဖို့လည်းမေ့နေဦးမယ်နော်။မမေ့ပါဘူးဒေါ်လေးရ့ဲ သမီးခနနေ သောက်လိုက်ပါ့မယ်။" အေးအေး အာ့ဆိုဒေါ်လေး ဆင်းအိပ်တော့မယ်"စောစောအိပ်နော် သမီး ••ဟုတ်က့ဲဒေါ်လေး
အံဆွဲထဲမှဆေးများကိုထုတ်လိုက်သည်။
"အား"အဟင့် အဟင့်"တအားကုန်လွဲပစ်ထုတ်လိုက်သောကြောင့် ကြမ်းပြင်တွင်ပျံ့ကြဲနေသောဆေးများ•••
ကျွန်မဘဝကစိတ်ကုန်စရာကောင်းလှသည်
နှစ်ရှည်လများသောက်နေသော်လည်း ဘာလို့မကုန်နုိင်သေးတာလဲဒီဆေးတွေက
မျက်ရည်များအလိုလိုစီးကျလာသည်။
ဟုတ်ပါတယ် လှုိင်းက မွေးရာပါ ပန်းနာရင်ကျပ်သည်လေ
အ့ဲတာကြောင့် မေမေတို့က အေးဆေးတ့ဲနေရာလေးကိုပြောင်းနေခ့ဲတာ
အ့ဲတုန်းကလှုိင်းရောဂါလည်း သက်သာနေတ့ဲပုံပါပဲ။ခုလို ဆူညံပွက်လောရုိက်နေတ့ဲ မြို့ဘက်ကိုပြန်လာရတော့
လှိုင်းအမုန်းဆုံး ဆေးတွေကိုပြန်သောက်ရတော့သည်။လှိုင်း ကျောင်းမြန်မြန်ပြီးပြီး
မြန်မြန်ပြန်ချင်လှသည်။
အချိန်တွေရယ် မြန်မြန်ကုန်ပါတော့လား?
YOU ARE READING
Default Title - မချစ်တတ်ခ့ဲသော
Romanceပထမဆုံးရေးတ့ဲglဝတ္ထုလေးမို့အမှားပါရင်တောင်းပန်ပါတယ် သည်းခံပြီးဖတ်ပေးကြပါ Intro** မ လှိုင်းန့ဲလိုက်နေပါလားဟင် လှိုင်းကိုမထားခ့ဲန့ဲလေနော် မ မင်းန့ဲမလိုက်နိုင်ဘူး လှိုင်း အ့ဲအတွက်တော့ မ ကိုနားလည်ပေးပါ။ လှိုင်းလေ မ သာရှိရင်ရပြီ ဘာမမလိုတော့ဘ...