I'm yours.[Zawgyi]

495 32 5
                                    

// song recommendation for this chapter:

*ೃ༄  Yellow by Coldplay

"my yellow: is the person who you are living for. the person who saved your life and the reason for your happiness."

ချစ်တဲ့အကြောင်းတွေကိုလည်း ပြောပြချင်ပါတယ်။ ဒါပေမယ့် မလိုချင်တာကို ပေးမိသလို ဖြစ်နေမှာလည်းကြောက်ရတယ်။ ငါတို့ ဒီထက်ပိုပြီး သတ္တရှိခဲ့ကြရင်ကောင်းမယ်။ ငါကလည်း ငါ့ခံစားချက်တွေကိုထုတ်ပြောပြရဲပြီး မင်းကလည်း မင်းသဘောထားကို ပွင့်လင်းခဲ့ရင် ငါတို့နှစ်ယောက်အတူရှိပြီး ပျော်ကောင်းပျော်နိုင်ကြမှာပါ။

မင်းကိုမြင်ရင်၊ မင်းရဲ့အသံလေးကိုကြားရင်၊ မင်းရဲ့အကြောင်းလေးကိုတွေးမိရုံနဲ့တင် ငါပျော်နေမိတယ်။ ငါရဲ့အနာဂတ်တွေထဲမှာ မင်းကိုထည့်သွင်းပြီးပုံဖော်နေရင်း ငါကျေနပ်နေမိတယ်။ ဒါကအချစ်များလား ယန်းဂျောင်ဝန်း။

ရင်ခုန်တတ်စ ကောင်လေးတစ်ယောက်ရဲ့ နုပျိုစဉ်အချစ်ဇာတ်လမ်းလေးရဲ့ပထမဆုံးစာမျက်နှာက ပါးပြင်ထက်က ပါးချိုင့်လေးတစ်ခုကနေ စတင်ခဲ့တယ်ထင်ပါရဲ့။

မင်းဆီက အချစ်ခံရဖို့မသေချာတော့ပေမယ့် မင်းကိုမြတ်မြတ်နိုးနိုးဆက်ချစ်နေမိသည်။ ဂျောင်ဝန်းရဲ့ လှုပ်ရှားမှုတွေထဲ ကျွန်တော်က တစ်စိတ်တစ်ဒေသ ဒါမှမဟုတ် တစ်ထောင့်တစ်နေရာက ပါဝင်ချင်နေမိတာမျိုး။ သူရဲ့ အခက်အခဲဆုံးအခိုက်တန့်တွေမှာ သူအရင်ဆုံးသတိရတဲ့သူက ကျွန်တော်ဖြစ်ချင်နေမိတာမျိုး။ သူရဲဘေးနားမှာ တစ်ယောက်ယောက်ရှိနေမယ်ဆိုရင် အဲ့ဒိလူက ကျွန်တော်ပဲဖြစ်ချင်နေမိသည်။ စချစ်ကတည်းက ‌သူပြန်မချစ်နိုင်ဘဲ မလိုချင်တဲ့မေတ္တာဟာ သူ့အတွက်အနှောက်အယှက်သပ်သက်သာ ဖြစ်နေမိမည်ကိုလည်း ကျွန်တော်စိုးရိမ်သည်။ ချစ်ခြင်းမေတ္တာဆိုသည့်အရာက ဒီလိုမျိုးပဲထင်ပါရဲ့။

ဒီနေ့ဆိုရင် ဂျောင်ဝန်းတစ်ယောက် ကျောင်းမလာသည်က ၃ရက်မြောက်သည့်နေ့။ သူနဲ့အတူထိုင်သော နီရှီမူရာကို မေးကြည့်ပါသော်လည်း ဂျောင်ဝန်း၏သတင်းဘာမှမကြားရ။
သူ့အိမ်ကိုနေ့တိုင်း သွားသော်လည်း အိမ်တံခါးပိတ်ထားသည်။ ယန်းဂျောင်ဝန်းက ဘယ်ကိုများ ထွက်ပြေးသွားတာလဲ။

"မင်းကငါ့အပိုင်ဖြစ်လာပါစေ"[Complete]Where stories live. Discover now