အခန်း၁

414 29 0
                                    

Seoulမြို့ရှိ နာမည်ကြီးခန်းမတခုတွင်ကျင်းပသော ပန်းချီပြခန်းတစ်ခုတွင်ဖြစ်သည်။
ဘေးပတ်ပတ်လည်နံရံတွင် Kang ဟူသော လက်မှတ်များရေးထိုးထားသည့် ပန်းချီကားများကိုခမ်းနားတင့်တယ်စွာချိတ်ဆွဲထားသည်။
ပန်းချီချစ်သူများကလဲ ဟိုဟိုဒီဒီသွား၍ နံရံပေါ်ရှိ လက်ရာမြောက်လှသောပန်းချီကားများကို တငေးတမောရှုစားနေကြသည်။

ခန်းမအလယ်ရှိ လျှောက်လမ်းတွင် အနုပညာချစ်သူများနှင့်ပြည့်နှက်လျှက် အလွန်စည်ကားနေသည်။ ဤသည်မှာ အထူးအဆန်းဆိုဖွယ်ရာမရှိ။ Artist Kang ၏ ပန်းချီများသည် နာမည်ကြီးသည်၊ အသက်ဝင်သည်၊ ထူးခြားသောခံစားချက်အမျိုးမျိုးကိုပေးနိုင်သည်။ အထူးသဖြင့် Kang၏ ပန်းချီများထဲတွင် ဝမ်းနည်းဖွယ်အငွေ့အသက်များပါရှိတတ်သည်။
Artist Kang၏ပန်းချီပြပွဲသည် အခြားသောArtistများ၏ပြပွဲထက် နာမည်ပိုကြီးသည်။
လူစိတ်ဝင်စားမှုလဲအမြင့်ဆုံးရ၍ ပွဲတိုင်းသည် အအောင်မြင်ဆုံးစာရင်းထဲအမြဲလိုလိုရောက်သွားတတ်သည်။ Artist Kangပြပွဲတစ်ခုလုပ်လျှင် သတင်းခေါင်းကြီးပိုင်းသို့ရောက်သွားရသည်အထိ သြဇာကြီးလွန်းသည်။ သို့သော် Kangသည်အအောင်မြင်ဆုံး Artistဖြစ်နေသော်ငြား သူသည်ဘယ်တော့အခါမှ လူရှေ့ထွက်၍ရုပ်လုံးမပြဖူးသည်မှာ ထူးဆန်းသောအရာဖြစ်သလို လူအများကလဲ လက်ရာမြောက်လှသောပန်းချီတွေ၏ ပိုင်ရှင်ဖြစ်သော သူ့ကို အရူးအမူးမြင်ဖူးချင်ကြသည်။ ယောကျ်ားလေးလား မိန်းကလေးလား မသိသော ထို Artist Kangသည် ရုပ်မမြင်ရဘဲ နာမည်ကြီးသော Artistဖြစ်လာခဲ့သည်မှာ ၅နှစ်ကျော်လာပြီဖြစ်သည်။

"The Story Untold" ဟုနာမည်ပေးထားသောပန်းချီကားတချပ်ရှေ့တွင် ကောင်မလေးတစ်ယောက်သည် Casual Wear Clothesများဝတ်ဆင်ထား၍ အချိန်အတော်ကြာသည်အထိထိုပန်းချီအားစိုက်ကြည့်နေသည်။

ဤပန်းချီကားသည် ရောင်းဖို့အတွက်မဟုတ်ဘဲ လူအများခံစားရအောင် ချိတ်ဆွဲထားသော ပန်းချီသက်သက်ဖြစ်သည်။ Artist Kangသည် ထိုသို့သောရည်ရွယ်ချက်တူ ပုံများကို ပြပွဲကျင်းပသည့်အခါတိုင်းတွင်ထည့်လေ့ရှိသည်။ အခြားပုံများသည် ပွဲတိုင်းတွင်အလှည့်ကျပြောင်းတတ်သော်လဲ ဤတပုံမှာတော့မတူ ။
Artist၏ အလိုအရ အမြဲလိုလိုမပြောင်းမလဲ နံရံတွင်ချိတ်ဆွဲရလေ့ရှိသောထူးခြားသောပန်းချီတချပ်ဖြစ်ပေသည်။

The Story UntoldWhere stories live. Discover now