ယနေ့မနက်ခင်းသည် ဂျူဟျွန်းအတွက်ထူးထူးခြားခြားကိုသာယာနေသည်။
မနေ့ညကယယ်ရင့်လက်ရာကြက်စွပ်ပြုတ်ကိုသောက်ကာ ဆေးသောက်အိပ်လိုက်လို့ထင် ဒီမနက်ကျ သူမဝေဒနာတွေသက်သာသွားသည်။သူမရေမိုးချိုးကာ လုပ်စရာရှိတာလုပ်ပြီး၍
ဆူးလ်ဂီနှင့်ချိန်းထားသောလမ်းထိပ်သို့သွားရန် အိမ်ထဲမှထွက်လာလိုက်သည်။"ဂျူဟျွန်း~"
မပြောမဆိုဖြင့်ခြံဘေးမှထွက်လာသော ဆူးလ်ဂီခေါ်သံကြောင့် သူမလန့်သွားသည်။
"အမေ့! လန့်လိုက်တာဆူးလ်ဂီရယ် မပြောမဆိုနဲ့ဘာလို့အိမ်ရှေ့ရောက်နေတာတုန်း"
"လမ်းထိပ်နဲ့ဂျူဟျွန်းအိမ်ကလဲသိပ်မှမဝေးတာကို အဲ့တာကြောင့် အိမ်ရှေ့လာလိုက်တာ "
ဂျူဟျွန်းဘာပြန်ပြောရမည်မသိဖြစ်နေစဥ်
ဆူးလ်ဂီကရှေ့တိုး၍ သူမပါး၂ဖက်အားသူ့လက်ဖဝါးဖြင့်အုပ်၍စမ်းသည်။ ထို့နောက်မျက်နှာ၊ လည်ပင်း အားလုံးစမ်းပြီးချိန်တွင်သူမရှေ့မှအနည်းငယ်ပြန်ခွာကာ"နေကောင်းပြီလားသိချင်လို့စမ်းကြည့်တာ
မနေ့ကဂျူဟျွန်းကသက်သာတယ်ပြောပေမဲ့
မျက်နှာကအရင်လိုမလန်းတာ ဆူးလ်ဂီသတိထားမိပါတယ် ဒီနေ့လဲမသက်သာရင် နောက်နေ့မှသွားရအောင်ပြောမလို့ အခုတော့စိတ်ချသွားပြီ၊ ဂျူဟျွန်းမျက်နှာလေးလဲလန်းနေတာပဲ"ဆူးလ်ဂီကထိုသို့ပြောပြီးသူမကိုပြုံးပြသည်။
"အာ မနေ့ကအရမ်းသိသာနေတာလား မသက်သာသေးဘူးဆိုတာ "
"အင်းပေါ့ သိသာတယ် လူကဘယ်လောက်ဟန်ဆောင်ကောင်းကောင်း နေမကောင်းဖြစ်နေရင်တော့ဟန်ဆောင်မရပါဘူး"
"အော် ဆူးလ်ဂီမနေ့ကဟာနာ့ဆီသွားသေးတယ်မလား ဆွန်ဝမ်ကဆေးရုံကိုလာသွားတယ်ပြောတယ်"
"ဟုတ်တယ် ဟာနာ့ကိုပုံဆွဲသွားသင်ပေးတာ
နောက်နေ့တွေလဲလာသင်ပေးဖြစ်မယ်ထင်တယ်"သူမတို့၂ယောက်ဤသို့စကားအပြန်အလှန်ပြောကာ လမ်းထိပ်တွင်ရပ်ထားသောဆူးလ်ဂီကားလေးဆီလျှောက်သွားကြသည်။