နောက်တနေ့မနက်တွင်Busan ရဲစခန်းသို့မွန်းဗြောလာကာ ဖုန်းကိုယူလိုက်သည်။ ဆူးလ်ဂီဖုန်းထားခဲ့ပြီးဘယ်သို့ရောက်နေမှန်းသူမ မသိ။ ဘယ်လိုရှာရမည်နည်း။
မရှာဘဲထားလိုက်ရင်ကောင်းမလား ရှာရင်ကောင်းမလား ထိုအတွေးနှစ်ခုအကြားသူမအကျပ်ရိုက်နေသည်။ဟိုးအရင်သူမစိတ်အပူလွန်ပြီး ရဲစခန်းကိုလူပျောက်တိုင်တုန်းက ဆူးလ်ဂီက နောက်တခါအဲ့လိုမလုပ်ပါနဲ့ဟု ပြောဖူးသည်။ ယခုတခေါက်ရဲတိုင်ရအောင်လဲ ဆူးလ်ဂီက ဒီမြို့မှာရှိတုန်းလား တခြားမြို့ရောက်နေတာလားလဲ သူမမသိ။
တိုင်လိုက်လျှင်လဲ ဆူးလ်ဂီသူ့ကိုစိတ်ဆိုးတော့မည့်အရေး ပူရပြန်သည်။"အား~ဖြစ်ချင်ရာဖြစ်ကွာ ငါဆိုးလ်ပြန်ပြီးပဲစောင့်နေလိုက်တော့မယ် ဒီကောင်မလေးကလဲ ဖုန်းကိုမှမေ့ပြီးထားခဲ့ရသလား ငါစိတ်ညစ်တယ်~"
မွန်းဗြောမှာထိုသို့ငြီးတွားရင်း မတတ်သာသည့်အဆုံး ဆိုးလ်ကိုသာပြန်လာလိုက်တော့သည်။
တဖက်တွင်
ဆူးလ်ဂီသည် ဟာနာကိုစိတ်ရှည်လက်ရှည်သင်ပေးကာ ပုံလေးတွေလဲဆွဲပေးသည်။ ဟာနာလေးသည် ဆူးလ်ဂီနှင့်အတော်ရင်းနှီးလာကာ ဆူးလ်ဂီ၏ပုံတူဟုဆိုပြီး သူမတတ်စွမ်းသလောက် ပုံလေးတပုံဆွဲပေးသည်။ ဂျူဟျွန်းအတွက်လဲတပုံဆွဲပေးသည်ဟု ဂျူဟျွန်းကပြောသည်။
ယနေ့သည်ဆူးလ်ဂီဆေးရုံတက်နေသည့်၅ရက်မြောက်နေ့ဖြစ်သည်။ သူမခြေချင်းဝတ်ကလဲသက်သာစပြုလာ၍ ပတ်တီးပင်ဖြည်လိုက်ပြီဖြစ်သည်။ ဂျူဟျွန်းနှင့်သူမရင်းနှီးလာလေ သက်သောင့်သက်သာပိုဖြစ်လာသည်။ ဂျူဟျွန်းသူမအနားရှိနေလျှင် ခါတိုင်းထက်စိတ်ထဲပိုကြည်နေသည်။
ဂျူဟျွန်းသည်သူမဘယ်သွားသွားဆူးလ်ဂီကိုခေါ်သည်။ ဆူးလ်ဂီမေးလျှင် တစ်ယောက်ထဲဖြစ်နေမှာစိုးလို့ဟုအမြဲပြန်ပြောတတ်သည်။
ဘယ်သွားသွားဆိုသည်မှာ အခြားတော့မဟုတ်
ဂျူဟျွန်းကသူမအားလျှင် အဖိုးအဖွားတွေဆီတလှည့် ဟာနာ့ဆီတလှည့်သွားတတ်သည်။ဂျူဟျွန်းခေါ်လို့သာ သူမလိုက်သွားရသော်လဲ တခါတလေကျရင် သူမအနေရခက်သည်။
ဘယ်သူ့ကိုမှဖော်ဖော်ရွေရွေပြန်မပြောတတ်ဘဲ ဂျူဟျွန်းဘေးတွင်သာနေ၍ ပုံပဲဆွဲသည်။ သို့သော် သူမအတွေးထဲ ဂျူဟျွန်းကသူမဘေးရှိနေသည် ဟုသိရသည်နှင့်တပြိုင်နက် အနေရခက်နေရာမှပြန်အဆင်ပြေစမြဲ။