Ep (1) 🦁🐍

2.2K 162 9
                                    

Unicode

ရှပ်အင်္ကျီအကွက်အပြာရောင်နှင့် ဘောင်းဘီအညိုရောင်လေးကို ဝတ်ဆင်ထားသောကောင်လေးတစ်ယောက်။ပစ္စည်းများစွာနှင့် ဇီးကွတ်အဖြူလေးတစ်ကောင်ပါသော လက်တွန်းလှည်းတစ်ခုကို သူတွန်းလာသည်။အစိမ်းရောင်မျက်ဝန်းလေးတွေနဲ့ မျက်မှန်အဝိုင်းလေးက ချစ်စရာကောင်းသောသူ့၏မျက်နာနှင့် အရမ်းကိုလိုက်ဖက်လွန်းသည်။သူ့ရဲ့အမာရွတ်ကို လူတွေမမြင်ရန်အတွက် နက်မှောင်သောဆံပင်တွေကို အရှေ့သို့ခပ်အုပ်အုပ်ချထားသည်။လက်ထဲတွင်လည်း စာရွက်လေးတစ်ခုအားကိုင်လျက် တစ်ခုခုကိုရှာဖွေနေလေသည်။ထိုကောင်လေးသည်ကား ဟယ်ရီပေါ်တာ ပင်ဖြစ်သည်...။

ဟယ်ရီတစ်ယောက် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် ရှာနေခဲ့သည်မှာ တော်တော်ကိုကြာနေပြီဖြစ်သည်။သို့ပေမဲ့ ရထားစင်္ကြအမှတ်9¾ ကို ရှာလို့မတွေ့သေးပေ။

အရှေ့မှာ လမ်းညွှန်ပေးတဲ့လူကြီးတစ်ယောက်ကိုတွေ့လိုက်သဖြင့် ဟယ်ရီအမြန်ပဲလှမ်းခေါ်လိုက်သည်။

"စိတ်မရှိပါနဲ့ခင်ဗျာ စိတ်မရှိပါနဲ့"

ဟယ်ရီရဲ့ခေါ်သံကိုကြားတော့ ထိုလူကြီးကပြန်လှည့်ကြည့်သည်။

"စင်္ကြအမှတ် 9¾ ဘယ်မှာရှိလဲဆိုတာ ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မလားခင်ဗျာ"

"မင်းနောက်နေတာလားကောင်လေး အဲ့လိုစင်္ကြအမှတ်မှမရှိတာ..သွားတော့ ငါကအားနေတာမဟုတ်ဘူး"

ရှာမတွေ့လို့ သွားမေးကာမှ အဟောက်ပါခံလိုက်ရသော ဟယ်ရီအဖြစ်။
ဟယ်ရီလဲရှုံ့မဲ့မဲ့ဖြင့် ထိုလူကြီးနားက ထွက်လာခဲ့ပြီး စင်္ကြအမှတ် 9¾ ကိုပဲ ဆက်ရှာနေလိုက်သည်။

"ဒီဟာက နှစ်တိုင်းလုပ်နေကျပုံစံနဲ့ အတူတူပဲ မက်ဂယ်တွေနဲ့အတူတူသွားရမယ် ရထားစင်္ကြ 9¾ ကဒီလမ်းပဲ"

ဘေးကဖြတ်သွားတဲ့ အန်တီကြီးရဲ့ စကားကြောင့် ဟယ်ရီပျော်သွားသည်။နောက်ဆုံးတော့ သူဆက်ရှာစရာမလိုတော့ဘူးလေ။

ဟယ်ရီလဲထိုအန်တီကြီးနောက်ကိုလိုက်လာတော့ မယုံနိုင်စရာအဖြစ်အပျက်တစ်ခုကို မြင်လိုက်ရသည်။ပါစီဆိုတဲ့ အစ်ကိုကြီးတစ်ယောက်က စင်္ကြအမှတ် 9 နဲ့ 10 ကြားက အုတ်နံရံကြီးကို ဖြတ်ဝင်သွားသည်တဲ့လေ။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။

"Pottah!! I hate you.." (Opposite Mean~~❤) Where stories live. Discover now