Ep (4) 🦁🐍

836 128 18
                                    

Unicode

ပါမောက္ခ မက်ဂေါနဂယ်အတန်းပြီးသွားတဲ့နောက် ပါမောက္ခ စနိပ်၏အတန်းတွင်ဖြစ်သည်။

ဒရေကိုက သူ့အနားမှာဟယ်ရီလာမထိုင်အောင်လို့ ခရက်နဲ့ဂိုရယ်လ်ကိုအနားမှာထိုင်ခိုင်းထားသည်။ဟယ်ရီ သူ့အနားမှာရှိနေရင် ဟယ်ရီကိုပဲ လှမ်းလှမ်းကြည့်နေမိလို့ စာကိုအာရုံစိုက်မရဖြစ်စေသည်။အခုတော့ ဟယ်ရီ သူ့နားမှာလာမထိုင်တော့ပါ။ဟာမွန်နီဂရင်းဂျာရဲ့နားမှာ သွားထိုင်သည်လေ။အဲ့လိုဆိုတော့လည်း သူမကြိုက်ပေ...။

*အေး..ဂရင်းဂျာနားမှာပဲသွားထိုင်..ငါ့နားမှာဘယ်တော့မှလာမထိုင်နဲ့..*
ဒရေကိုစိတ်ထဲကနေ ဟယ်ရီကိုဟောက်လိုက်သည်။

(K. N:သူပဲအမျိုးမျိုး~~😒~~)

"ဒီအတန်းထဲမှာ ပေါက်ကရတွေရွတ်ဆိုပြီးတော့ မှော်တုတ်တံကိုလျှောက်မသုံးရဘူး..သဘောပေါက်မယ်လို့တော့ ငါမထင်ဘူး..မှော်ဆေးရည်ပြုလုပ်ခြင်းဟာ ခက်ခဲနက်နဲတိကျတဲ့ဘာသာရပ်ဖြစ်တယ်ဆိုတာလေ.."

"ဒါပေမဲ့ အနည်းအကျဥ်းကတော့ နားလည်နိုင်မယ်..ပင်ကိုယ်သဘာဝကိုက အထုံပါလာတဲ့သူဆိုရင်တော့.."
ပါမောက္ခ စနိပ်က ဒရေကိုကိုကြည့်ကာပြောလာသည်။ဘာပြောလိုက်မှန်းမသိပေမဲ့လည်း ဒရေကိုပြုံးပြလိုက်သည်။ဘာလို့မသိလိုက်တာလဲဆိုတော့ ဟယ်ရီသူ့အနားမှာလာမထိုင်၍ဖြစ်သည်။ဒရေကို ဟယ်ရီအနားမှာလာထိုင်ရင်လဲ စာထဲအာရုံမစိုက်နိုင်..လာမထိုင်ရင်လဲ အာရုံမစိုက်နိုင်ဖြစ်နေတဲ့ သူ့ကိုယ်သူသာပိတ်ရိုက်လိုက်ချင်တော့သည်။

(K.N: ရိုက်ပေးရအုံးမလား~~🙂~~)

"စိတ်ကိုဘယ်လိုညို့ယူရမလဲဆိုတာကို ငါသင်ပြပေးနိုင်တယ်..နောက်ပြီးအာရုံကိုစုစည်းထားရမယ်ဆိုတာကိုပေါ့..ငါမင်းတို့ကိုပြောပြနိုင်တာရှိသေးတယ်..ဘယ်လို ဂုဏ်ကျက်သရေကိုချက်ယူရမည့်နည်း..သေခြင်းကိုဘယ်လိုရပ်တန့်ရမယ်ဆိုတာကို ငါပြောပြနိုင်တယ်.."

"နောက်ပြီးမင်းတို့ထဲမှာ Hogwarts ကိုလာကတည်းက ကိုယ်ပိုင်အရည်အချင်းပါလာတဲ့သူတွေရှိမှာပါ..အဲ့ဒါကြောင့်ကိုယ့်ကိုကိုယ်ဖြုံလောက်တဲ့ ယုံကြည်မှုမျိုးရှိပြီး..စိတ်ပါဝင်စားမှုမရှိကြပါလား.."

"Pottah!! I hate you.." (Opposite Mean~~❤) Where stories live. Discover now