Unicode
"ဘယ်သူတွေကျန်ခဲ့သေးလဲ"
ပါစီကပြောသည်။ပါစီပြောတော့မှ ရွန်လဲဘေးကိုကြည့်မိတော့ ဟယ်ရီမပါလာတာကို သတိထားမိသည်။
"ဟယ်ရီ မပါလာဘူးအစ်ကို..ခနနော်ကျွန်တော် ဟယ်ရီကိုသွားခေါ်လိုက်အုံးမယ်.."
ရွန် ပါစီကိုပြောလိုက်ပြီး ထိုနေရာကထွက်လာခဲ့သည်။လှေကားတစ်ဆစ်ချိုးဆင်းလာပြီးတဲ့နောက်မှာတော့ အုတ်နံရံကိုမှီကာ တောင့်တောင့်ကြီးရပ်နေသော ဟယ်ရီကိုတွေ့လိုက်ရသည်။
"ဟယ်ရီ..မင်းဘာလုပ်နေတာလဲ.."
"ဘာမှမလုပ်ပါဘူး..ငါဒရေကိုနဲ့စကားရပ်ပြောနေတာပါ.."
"မက်ဖွိုင်းနဲ့စကားပြောနေတာဟုတ်လား..ပြပါအုံး..သူမင်းကိုဘာလုပ်သွားသေးလဲ.."
ရွန်ကဟယ်ရီကို ခြေဆုံးခေါင်းဆုံးကြည့်ကာပြောသည်။"သူငါ့ကိုဘာမှမလုပ်ပါဘူး ရွန်..ဒီတိုင်းပဲစကားပြောကြတာပါ.."
"အဲ့မက်ဖွိုင်းကောင်ကိုစိတ်ထဲထားမနေနဲ့ ဟယ်ရီ..လာ..ငါတို့ကိုအစ်ကိုပါစီစောင့်နေပြီ.."
ရွန်ပြောကာ ဟယ်ရီကိုဆွဲခေါ်လာခဲ့သည်။"ဟယ်ရီ..မင်းဘာလို့နောက်မှာကျန်ခဲ့ရတာလဲ..လမ်းတွေလဲမှတ်မိတာမဟုတ်ပဲနဲ့.."
ပါစီကဆူသည်။Gryffindor ပထမနှစ်ကျောင်းသားများကို သူတာဝန်ယူထားတာဖြစ်သည့်အတွက်ကြောင့် တစ်ခုခုဆိုသူခေါင်းပေါ်သာကျမည်ဖြစ်သည်။
"ကျွန်တော် လှေကားတွေကိုကြည့်နေရင်း ခေါင်းမူးသွားလို့ပါ.."
ဟယ်ရီစကားကိုကြားတော့ ရွန်ကစိတ်လေတယ်ဆိုတဲ့ပုံစံဖြင့်ကြည့်လာသည်။
"ကာပွတ် ဒရာကွန်နစ်ခ်"
ပါစီက လျှို့ဝှက်စကားပြောလိုက်တော့ Gryffindor အဆောင်တံခါးမကြီးဟာပွင့်သွားသည်။
အထဲမှာတော့ အရာအားလုံးပေါ်တွင် အနီရောင်များကလွှမ်းခြုံထားသည်။နံရံပေါ်တွင်လည်း Gryffindor အဆောင်တံဆိပ်ကြီးက ခမ်းနားထည်ဝါစွာရှိနေလေသည်။
"ဒီနေရာမှာခနစုနေကြပါ.."
ဧည့်ခန်းထဲသို့ရောက်သောအခါ ပါစီကပြောသည်။
YOU ARE READING
"Pottah!! I hate you.." (Opposite Mean~~❤)
FanfictionDraco: "Pottah!! I hate you.." Harry: "Really??" Draco: "I mean opposite~~"