Unicode :
Appaနှင့်ommaဆက်ဆံရေးမှာ တင်းမာလိုက်ပြေလည်လိုက်ပင်။အဘွားမှာ ဆော့ဟွန်းကိုသာ ပညာရေးတွင် အပြည့်အဝထောက်ပံ့ခဲ့သော်လည်း ဆော့ဂျင်၏ပညာရေးကို လုံးဝပင်ဂရုမပြုခဲ့...
appaသည်ပင် ဘူဆန်မှ အဘွား၏အထည်ချုပ်စက်ရုံလက်အောက်တွင်လုပ်ကာ အဘွားနှာခေါင်းပေါက်ဖြင့်အသက်ရှင်နေရသဖြင့် အဘွားကို မလွန်ဆန်နိုင်ခဲ့ပါ။
ဆော့ဟွန်းသည်လဲ အဘွားဖြစ်စေချင်သည့်အတိုင်း....
Seoul Universityတွင် Law majorတက်ရောက်ခဲ့သည်။
(ဒီကောင်က အကျင့်သာမကောင်းတာ စာတော့တော်တော် တော်သည်)
ဆော့ဂျင်မှာ အထက်တန်းနောက်ဆုံးနှစ်တွင် ကျန်းမာရေးချို့တဲ့မှုကြောင့် uniကောင်းကောင်းသို့ မသွားနိုင်ခဲ့၊ သွားရန်လဲ စိတ်ကူးမရှိပေ~~
*ဘယ့်နှယ့် တော်ရုံဘွဲ့ရတော်ပီပေါ့ ......
စာတွေဖင်ကုန်းကျက်ကာ သူ့ဘဝကိုအချိန်မဖြုန်းချင်ပါ။စာနဲ့လဲဓာတ်မတည့်မှုပြင်းထန်သည်ကို သူ့ကိုယ်သူသာသိသည်....*
စာလုပ်ရမည့်အစား ပိုက်ဆံသာရှာချင်တော့သည်~~ထို့ကြောင့်လည်း အထက်တန်းပြီးကတည်းက ရသမျှ အချိန်ပိုင်း အလုပ်အကုန်လုပ်ခဲ့သည်။
စာမတော်ခဲ့သော်လည်း သူ၏အလယ်တန်းကတည်းကရင်းနှီးရသောသူငယ်ချင်းyoongiနှင့်guide တော့ ပြပေးနိုင်သည်(မူလတန်းကလေးများကိုသာ~~)ဆော့ဂျင်အထက်တန်းကျောင်းပြီးတွင် အဘွားနှလုံးဖောက်ကာဆုံးခဲ့သည်(မပျော်သော်လည်း သူဝမ်းနည်းမနေပါ နာကျင်စရာတွေဟာ အဘွားကစတင်ခဲ့တာမလား.....)
အဘွားဆုံးပြီး appaလက်ထပ်တွင် စက်ရုံမှာ တဖြေးဖြေး အရှုံးများပေါ်လာခဲ့သည်။
ဆော့ဟွန်းမှာ appaထံ အမွေလုခဲ့ရာမှ appaနှင့်စကားအခြေအတင်ဖစ်ပီး သားအဖဆက်ဆံရေးပျက်ပြားခဲ့သည်။
appaသည် ဆော့ဂျင်နှင့်ဂျီမင့်ကို ချစ်သော်လည်း သားဦးဖြစ်တဲ့ ဆော့ဟွန်းကို ပိုချစ်သည်ဆိုတာ ဆော့ဂျင်သိသည်။
သို့သော် "အဖေဟာအဖေပဲ"ဆိုသော omma၏ဆုံးမစကားများကို မလွန်ဆန်နိုင်ခဲ့ပါ။
ဆော့ဂျင် uniပထမနှစ်တက်ရောက်နေသောအချိန်တွင် appaအူအတက်ပေါက်၍ ဆုံးပါးသွားခဲ့သည်။
Appa မဆုံးခင်ommaကို
သူ့အားခွင့်လွှတ်ပေးရန်
တောင်းပန်ခဲ့ပြီး အိမ်ကြီး၏အမွေစာချုပ်များအား လွှဲပေးခဲ့သည်။
စက်ရုံမှာလည်း appa၏စီမံခန့်ခွဲမှုပိုင်းအားနည်းခြင်းကြောင့် appaနှင့်အတူ ဆုံးရှုံးကာ ဒေဝါလီခံလိုက်ရသည်~~~
YOU ARE READING
Safety Zone
Fanfictionအတိတ်ဆိုတဲ့ အိပ်မက်ဆိုးကနေ ရုန်းထွက်ပြီး ပစ္စုပ္ပန်မာ မင်းလက်ကို ဆွဲကိုင်ရင်း အနာဂတ်ကို အလှပဆုံး ပုံဖော်သင့်လား..... Taejinkook