Ep7

284 28 14
                                    

Unicode

ကားသော့ကို ရမ်းပြီး အိမ်ထဲဝင်လာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ Appa ....
ဖုန်းကိုကြည့်ပြီးပြုံးလို့၊ဒီအဘိုးကြီး သူ့ဇယားတွေနဲ့ သာယာနေပြန်ပြီ~~~~~~

"စာကြည့်ခန်းထဲက စောင့်မယ်ထင်ထားတာ!!"
"‌ငါ့သားရောက်ပြီလား"
"ရောက်လို့ Appa တွေ့နေရတာပေါ့ ဘာလို့စကားတွေဒီလောက်ပုလ္လင် ခံနေရတာလဲ??ပြောစရာရှိတာပြောတာမဟုတ်ဘူး"
"မင်းကလေ ဖအေကို အဲ့လိုပဲပြောရသလား။"
"Appa ကျွန်တော်စိတ်မရှည်တော့ဘူးနော်"

"အဟမ်း.....Appaတို့လုပ်ငန်းတိုးချဲ့ကြမလားလို့"
"လုပ်ငန်း??တိုးချဲ့မယ်!!!ဘာအတွက်??
Appaကုမ္ပဏီကြီးက ဒီလောက်အောင်မြင်နေတာ ဘာတွေတိုးချဲ့ဦးမှာလဲ??"
"ဟို.....Appaပြောတာက သားလုပ်နေတဲ့ လုပ်ငန်းဘက်ကို မူးယစ်.........

"Appa!!!!!"

"ဂျွန်ဂျောင်ကု!!မင်းငါ့ကို လန့်သေစေချင်တာလား??
စကားကို ဖြေးဖြေးသက်သာ ပြောလို့မရနိုင်ဘူးလား!!"

"Appaစကားကဘာအဓိပ္ပာယ်လဲ??
ကျွန်တော်ပြောပြီးသား လက်နက်ကလွဲပြီး၊ မူးယစ်ဆေးနဲ့လူ ဘယ်တော့မှ မလုပ်ဘူးလို့၊appaဘာဖြစ်ချင်နေတာလဲ"

"သားရယ် appaကလဲ လုပ်ငန်းလေးတိုးချဲ့ရမလားလို့ ၊appaမိတ်ဆွေ မြို့တော်ဝန် ဂျန်ဂျောင်မင်က အကြံပေးလို့လေ အဲဒါကြောင့် appaကသားကို တိုင်ပင်တာ"

"အဟက်.......အဲ့ဘိုး‌ေတာ်ရဲ့ သမီး၊ appaရဲ့ ဇယားအသစ် ဂျန်မီဆို ဆိုတဲ့ ဟာလေးကြောင့်မဟုတ်ဘူးလား??"
(မျက်နှာပျက်သွားတဲ့ appaကြောင့် ဂျောင်ကုသိလိုက်ပါပြီ ဒီမိန်းမ ရုံးပတေသီးနဲ့သကြားပေါင်းထားတဲ့ အသံနဲ့ appaကို မွှေလိုက်ပြီဆိုတာ)

"appaဇယားကိုတခါတည်းပြောထား  appaကျွေးတာအမ်းတာစားပြီးငြိမ်ငြိမ်နေလို့ ဒီအလုပ်တွေနဲ့ သူနဲ့ဘာမှမဆိုင်ဘူး......ဒီထက်လွန်လာရင် ကျွန်တော့်အကြောင်း သိစေရမယ်....appaပြောစရာမရှိရင် ကျွန်တော် အခန်းပြန်ပြီ"

"ဒီကောင်ကတော့ ဖအေကို နည်းနည်းမှ လေးစားမှုကို မရှိဘူး၊ မိန်းမရေ မင်းသားကို အလိုလိုက်မိတာ ကိုယ်တော့ မှားပြီထင်တယ်.."

You've reached the end of published parts.

⏰ Last updated: Nov 14, 2022 ⏰

Add this story to your Library to get notified about new parts!

Safety ZoneWhere stories live. Discover now