Ep-4

502 74 8
                                    

Unicode :

ဗီရိုထဲမှ shirt အနီနှင့် style panအနက်ကို ထုတ်ဝတ်ကာ အကြိုက်ဆုံးရေမွှေးကို ဖြန်းရန်အယူ ကုန်နေသော ပုလင်းမှာစီးကြိုနေသည်~

^ကျစ် ညနေဆေးခန်းအပြန် လိုအပ်တာတေဝယ်ရဦးမှာပဲ^

ဆံပင်အုပ်အုပ်လေးကို သေသေချာချာပြင်ကာ မှန်ထဲမှာ မြင်နေရတဲ့ချောမောလှတဲ့ ကိုယ့်မျက်နှာကြောင့် နှုတ်ခမ်းတွန့်ရုံပြုံးပီး.....
မနက်စာစားရန် Dining roomထဲသို့ဝင်လာခဲ့သည်...
၁ယောက်တည်းနေသော သူ့အဖို့ ထွေထွေထူးထူး ပြင်ဆင်မနေနိုင်ပါ၊
ရေခဲသေတ္တာထဲမှ နို့အေးကိုထုတ်ကာ cerealနှင့်တွဲစားလိုက်သည်။
စားသောက်ပီး ကားသော့ ဆွဲကာ ကွန်ဒိုမှ အမြန်ထွက်လာလိုက်တော့သည်...

At Dental Clinic,

"ခနလောက်စောင့်ပေးပါနော်; ဆရာထွက်လာနေပါပြီ"
"ရပါတယ်ဗျ"
"ဟို ကိုယ်ရေးဖိုင်လေး တစ်ချက်လောက်.."
သူ၏ကိုယ်ရေးဖိုင်အား ထုတ်ပေးလိုက်ရာ ထိုသူမှ....
"ကင်...ဆော့...ဂျင်(တစ်လုံးချင်းရေရွတ်ကာ) 1995! ကျွန်တော်နဲ့ ရွယ်တူပဲ"
"အာ...ဟုတ်လား"
ကျွန်တော့နာမည်က ဂျောင်ဟိုဆော့ပါ.. ရှေ့လျှောက် အလုပ်တူတူလုပ်ကြရမှာဆိုတော့ 'ဟိုဆော့' လို့ပဲ ခေါ်ပါ..."
"ဗျာ! အာ.. interviewတောင်မလုပ်ရသေးဘူးလေ"
"ဟီး..ဟုတ်သားပဲနော်(ပါးချိုင့်သေးသေးလေးများဖြင့် ထပ်မံပြုံးပြကာ) စိတ်မပူပါနဲ့ ဆရာက ဆော့ဂျင်ကို သဘောကျမှာပါ"
"ဟိုဆော့ ပြောသလိုဖစ်ရင် ကောင်းတာပေါ့"
"ဟိုလေ ဟိုဆော့ရှီး ဆရာက အသက်ကြီးကြီး ကြီးလား?.."
"ဘယ်ကသာ ကျွန်တော်တို့ထက် နည်းနည်းပဲကြီးတာဗျ...
ရုပ်ချောပြီး အပြုံးချိုချိုလေးနဲ့ သဘောကောင်းချက်ဗျာ"
(ဟုတ်ကဲ့ ကိုထယ်ယောင်းအစားpromotionဆင်းပေးနေတာပါ^_^)
"ဟုတ်လား ဒီလိုဆို ကောင်းတာပေါ့"
"ဟင် ဘာတေကောင်းနေတာတုန်း!!"
"ဒီလိုလေ 'ဟိုဆော့'ရဲ့ ရုပ်ချောတဲ့ဆရာဝန်လေးနဲ့ သဘောကောင်းပြီး ပြစ်ချက်မရှိတဲ့ assistantလေး၂ယောက်က ဆေးခန်းထိုင်မှာဆိုတော့....ကျွန်းတော်တို့ဆေးခန်း လူနာတွေပိုလာမှာပေါ့.."
"ဆော့ဂျင်ရှီး ပြောတာလဲ ဟုတ်သားပဲ...
ကျွန်တော်တို့ မျက်နှာလေးတွေကြည့်ပီး ဝေဒနာတစ်ဝက် သက်သာသွားမှာ...ဟီး"
သူတို့၂ယောက် စကားပြောနေစဉ်.... တံခါးဝင်ရောက်လာသောလူ၁ယောက်......
^အာ..ချောလိုက်တာ...  တည်ငြိမ်ခြင်း၊ခန့်ညားခြင်းနဲ့အတူ နွေးထွေးမှုများပါဝင်သော ထိုလူ၏မျက်နှာကြောင့် လောကကြီးနှင့် ခနတာ အဆက်အသွယ်ပြတ်သွားရသည်^
အငေးကြီး ငေးကောင်းနေစဉ်....
'ဟိုဆော့' အသံကြားမှ
"ဟုတ်..ချောလိုက်တာ!
အာ....အဲ  'ဟိုဆော့ရှီး'ဘာပြောလိုက်တာလဲဟင်???"
ဟိုဆော့နှင့် ရှေ့ကလူ၏ပြုံးစိစိမျက်နှာကြောင့်....
နား၂ဖက်နှင့်မျက်နှာမှာ စတော်ဘယ်ရီရောင်ပေါက်သွားရသည်။
^ကင်ဆော့ဂျင်ရေ ယောကျာ်းလေးအချင်းချင်းကို အဲ့လောက်ငမ်းရလား...??ဒီလူကလဲ ဘာလို့ အဲ့လောက်ချောရတာလဲ ငမ်းမိတဲ့ငါ့အပြစ်မဟုတ်ဘူး..ဘယ်နှယ့် အသက်ရှင်လာတဲ့တစ်လျှောက် မှန်ထဲက ကိုယ့်ကိုယ်ကိုသာ အသက်ရှူမှားအောင် ငေးလာရတာကို ဒီလူနဲ့မှ ကင်ဆော့ဂျင်လေး ရာဇဝင်ရိုင်းရပါသည်^
"ဆော့ဂျင်ရှီး"
(အတွေးများကို တပ်ခေါက်ကာ ဟိုဆော့ ခေါ်သံအား....)
"ဟုတ်...."
"interviewဖို့ ဆရာ့နောက်လိုက်သွားလိုက်ဦး"
ဟိုဆော့ကို ခေါင်းငြိမ့်ပြကာ ထိုဆရာနောက်သို့ စတော်ဘယ်ရီရောင်မျက်နှာဖြင့် လိုက်သွားခဲ့သည်......
"ကျောင်းက ဆက်တက်နေတုန်းလား???"
"နယ်..အာ ဒုတိယနှစ်ပါ"
"ဘယ်နေ့လောက် အလုပ်ဆင်းချင်လဲ??"
"နယ်..ကျွန်တော်~~
ဗျာ!! အခု အလုပ်ရသွားတာလားဟင်??"
"အလုပ်ရသွားလို့ ဘယ်နေ့ဆင်းမှာလဲလို့ မေးတာပေါ့... 'ဂျင်'ရဲ့ "
"မနက်ဖြန်လောက် ဆင်းလိုက်မယ် ဆရာ"
"ကောင်းပါပီ ဂျင်"
"ဒါဆို ကျွန်တော့ကို ခွင့်ပြုပါဦး"

Safety ZoneWhere stories live. Discover now