1

1.5K 97 4
                                    

U••

"Keiji...! Keiji...!"

အိမ်အောက်ထပ်မှဆူညံဆူညံအသံများအပြီးအစီးတွင် အပြာရောင်မျက်ဝန်းပိုင်ရှင်ကောင်ငယ်လေးတစ်ယောက် လှေကားထစ်မှဖြည်းညှင်းစွာဆင်းလာပေ၏။

သူ၏အမူအရာကတက်ကြွမှုရှိမနေသလို ပင်ပန်းနေခြင်းမျိူးလည်းမဟုတ်ရပေ။ ရေပြင်ကဲ့သို့တည်ငြိမ်သောအမူအရာက ထိုကောင်လေး၏မျက်ခုံးထူထူနှင့်ပနံသင့်လှသယောင်။

နတ်ဘုရားများပင်ရူးသွပ်သွားနိုင်လောက်အောင် လှရက်နိုင်လွန်းသော အနှီသူ၏နာမည်မှာ Akaashi Keiji ပင်ဖြစ်ပေတော့သည်။

Apron ကြီးတစ်ခုဝတ်ရင်းပွစိပွစိလုပ်နေသော အဖေဖြစ်သူ Akaashi Shimura အား Keiji ကပြုံးရုံသာပြုံး၏။

"ဒီနေ့ကျွန်တော်နည်းနည်းနောက်ကျမှပြန်ရောက်လိမ့်မယ်ထင်တယ်..."

Keiji ၏စကားကြောင့် Shimura ကမျက်ခုံးတွန့်၏။

"ဘယ်သွားမလို့လဲ? ကောင်မလေးနဲ့လား? တစ်ညလုံးပြန်မလာရင်ပိုကောင်းတယ်နော်...စိတ်ချပြီး သွားသာသွား...အိမ်ကိစ္စအဖေ့ကိုအပ်ခဲ့!"

ကိုယ့်ရင်ဘတ်ကိုယ်ဝံ့ကြွားစွာပုတ်ရင်းပြောလာသောအဖေဖြစ်သူအား Keiji ခေါင်းခါရုံသာတတ်နိုင်တော့သည်။ အလယ်တန်းကျောင်းသားအား ဖခင်တစ်ယောက်ကမြှောက်ပေးနေလိုက်ပုံကို တွေးကြည့်ရုံနှင့်ကြက်သီးထရ၏။

Shimura က လွတ်လပ်ပေါ့ပါးစွာနေတတ်၍ အလွန်ပွင့်လင်းရိုးရှင်းသူဖြစ်သည်မို့ Keiji နှင့်ဆန့်ကျင်ဘက်ဟုပင်ဆိုနိုင်သည်။ ထိုသို့အလွန်ပျော်ပါးတတ်သည့် ပုံစံများကြောင့် သုံးနှစ်သားအရွယ် Keiji နှင့်သူ့အား မိန်းမဖြစ်သူကပစ်သွားခဲ့သည်ကိုပင် နောင်တရသည့်ပုံမပေါ်ချေ။

သို့သော်လည်း အဖေဖြစ်သူအကြောင်းကောင်းကောင်းသိသည့် keiji အတွက်တော့ ၎င်း၏နေထိုင်ပုံများကအပြစ်တစ်ခုဟုမဆိုနိုင်။ အဖေတစ်ခုသားတစ်ခုမို့ Keiji ကသာ ပို၍တည်ငြိမ်သောသူဖြစ်ပေး၍ ဖခင်အားလိုက်လံထိန်းကျောင်းပေးရတော့သည်။

"ကျောင်းဆင်းရင် Volleyball အစမ်းပြိုင်ပွဲတစ်ခုသွားကြည့်မလို့ပါ..."

••The Owner Of Captain Owl ••Where stories live. Discover now