U••
Shimura ချက်ထားသည်က သာမာန်ဟင်းလျာများသာဖြစ်သော်လည်း Bokuto အတွက်မည်သည့်အခါမှရိုးမသွားပါချေ။ တသမတ်တည်းဖြစ်နေသည့် ထိုအရသာကိုက အချိန်တိုင်းလွမ်းဆွတ်စေနိုင်စေမည့် ဟင်းပွဲမျိုးဖြစ်နေ၏။
နှစ်ပန်းကန်မြောက်ထမင်းယူပြီးသည့်နောက် ပန်းကန်အလွတ်လေးကိုင်၍ Bokuto ရယ်ပြသည်။
"အများကြီးမစားနဲ့နော် Bokuto san...မနက်ပိုင်းလေ့ကျင့်ရေးကိုအရင်သွားရဦးမှာ"
Akaashi ဆူသည်မို့ Bokuto မျက်နှာကငိုမဲ့မဲ့ဖြင့် သူ့လက်ထဲမှပန်းကန်လေးအားပြန်ချထားလိုက်သည်။ သို့သော်လည်း Shimura ကတဟားဟားရယ်၍ ထိုပန်းကန်ကိုဆွဲယူကာ ပန်းကန်လုံးအပြည့်ထမင်းသိပ်ထည့်ပေး၏။
"ငါ့လက်ရာကိုဒီလိုအားရပါးရစားတာမင်းပဲရှိတယ်...စားသာစား ကုန်သွားရင်ထပ်ချက်လို့ရတယ်!"
Bokuto လေသံအတိုင်း အော်ကြီးဟစ်ကျယ်ဖြင့် ဂုဏ်ယူနေသော Shimura ကိုကြည့်ရင်း Akaashi ခေါင်းခါသည်။ တစ်ခါတစ်ရံ သူ့အဖေ၏သားအရင်းက Bokuto san ဖြစ်နေမလားဟုပင် အတွေးပေါက်မိသေး၏။
Akaashi ကိုပင်တစ်ခါတစ်ရံစည်းကမ်းတင်းကြပ်တတ်သော Shimura က Bokuto san ကိုဆိုလျှင်အလိုလိုက်လွန်း၏။ အမူအကျင့်နှင့်လေသံကအစ တစ်ပုံစံတည်းထပ်တူကျနေသည့်ဤနှစ်ယောက်က သားအဖနှင့်ပို၍တူနေသေးသည်။
Akaashi တွင်တော့ ထိိုနှစ်ယောက်၏ ၅ပုံတစ်ပုံမျှ တက်ကြွမှုပင်ရှိမနေပါချေ။ ဖြစ်နိုင်လျှင်တော့ ၎င်း၏တည်ငြိမ်မှုအနည်းငယ်အား ထိုနှစ်ယောက်ထံခွဲပေးချင်မိပါ၏။
"အဖေကမြှောက်ပေးမနေနဲ့လေ... နွေဦးပြိုင်ပွဲကရောက်တော့မှာ လေ့ကျင့်ဖို့အချိန်တိုင်းကအရေးကြီးတယ်... ဒီလိုအချိန်မှာ Ace ကနေမကောင်းဖြစ်ရင်အသင်းအတွက်ကောင်းလား မကောင်းဘူးလား"
Shimura ကြောင့်ပျော်သွားသည့် Bokuto တစ်ယောက် Akaashi ကြောင့်မျက်နှာငယ်လေးဖြစ်သွားရပြန်သည်။ သူ့ခမျာ ထမင်းပန်ကန်ကိုကိုင်ရင်း စားရမလို၊ မစားရမလိုနှင့်အတော်လမ်းပျောက်ပါ၏။
"ဒါပေမဲ့ Akaashi..."
Bokuto ၏ puppy eye လေးများအား Akaashi ခံနိုင်ရည်မရှိပါချေ။ လေသံတိုးတိုးလေးနှင့်ထိုသို့ချွဲလာသည့်အခါတွင်မူ Akaashi နှလုံးသားအား အရင်းမှကိုင်၍ဆွဲဆောင့်နေသကဲ့သို့ခံစားရ၏။
![](https://img.wattpad.com/cover/285852462-288-k284531.jpg)
YOU ARE READING
••The Owner Of Captain Owl ••
Fanfictionသိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.