U••
အလင်းရောင်အနည်းငယ်သာဖြာကျနေသော အခန်းထဲ၌ Akaashi ၏ဒေါသမျက်ဝန်းများအား Bokuto ရင်ဆိုင်လိုက်ရလေသည်။ ထိုအကြည့်များကစူးရှလွန်း၍ Bokuto အား ကြက်သေပင်သေသွားစေ၏။
Akaashi ၏ထိုပုံစံအား သူတစ်ခါမှမမြင်ဖူးပါချေ။ အထူးသဖြင့် Bokuto အပေါ်ဆိုပို၍အလိုလိုက်တတ်သည့် Akaashi ကထိုသို့ပြောလာသည့်အခါ မသိစိတ်ကအလိုလိုမလှုပ်ရှားမိဖို့သတိချပ်ထားမိတော့၏။
"ဒီနှစ်ရက်လုံးဘယ်တွေပျောက်နေတာလဲ?"
Akaashi ၏အမေးကြောင့် Bokuto သူ့နှုတ်ခမ်းသူကိုက်မိသည်။ ထိုမေးခွန်းမေးလာတော့မည်မှာသေချာသော်လည်း သူမည်သို့ဖြေရမှန်းမသိသည်ကခက်၏။ သို့သော်လည်း Bokuto ထံမှအဖြေအား Akaashi ကစောင့်နေသည့်ပုံမပေါ်ပါချေ။
စက္ကန့်ပိုင်းအတွင်း၌ စကားအချို့ကိုထပ်မံဆိုလာ၏။ ယခုတစ်ခါတွင်တော့လေသံကအနည်းငယ်ပို၍တင်းမာလာတော့သည်။
"မဟုတ်သေးဘူး အဲ့မေးခွန်းကိုမဖြေလဲရတယ်... Bokuto san ဒီနှစ်ရက်လုံးဘယ်သူနဲ့ရှိနေတာလဲပဲဖြေ"
Bokuto မည်သို့ဖြေရမည်မှန်းမသိတော့ပေ။ ဒီနှစ်ရက်လုံး၌ သူကျောင်းလဲရောက်သလို အိမ်သို့လည်းပြန်သည်။ ကျောင်းမှသူငယ်ချင်းများနှင့်ရှိသလို အိမ်ကမိသားစုဝင်များနှင့်လည်းအတူရှိခဲ့၏။ ထပ်မံဆိုရလျှင် Kuroo နှင့်လည်းစကားခဏသွားပြောခဲ့ဖူးသေးသည်။
အတိအကျ မည်သူနှင့်အတူရှိနေသည်ဟု သူဖြေရမှန်းမသိပါချေ။ သူမည်သူနှင့်ရှိနေသနည်း။ စဉ်းစားရင်း Bokuto ခေါင်းရှုပ်သွားရ၏။ Akaashi ကအဘယ်ကြောင့်ဒေါသထွက်နေရမှန်း သူမသိတော့ပါချေ။ သူအဖြေမှားပါက Akaashi ပိုစိတ်ဆိုးမည်ကိုလည်းစိုးရိမ်ရသေး၏။
Bokuto ငြိမ်နေသည်ကိုမြင်တော့ Akaashi ကပိုဒေါသထွက်လာဟန်ဖြင့် သူ့ကော်လံစအားဆောင့်ဆွဲကာ တည့်တည့်ကြည့်၍ဆိုလာတော့သည်။
"ကျွန်တော်က ၂ ရက်လုံးလိုက်ရှာနေတာ! အရူးလိုမျိုး Bokuto san ကိုနေရာတိုင်းလိုက်ရှာနေပေမဲ့ Bokuto san ကတော့ရည်းစားထားဖို့လုပ်နေတယ်ပေါ့! အဲ့လိုလုပ်ခွင့်ပေးမယ်လို့ထင်နေလား? ဒီနှစ်ပိုင်းအတွင်း ကျွန်တော် Bokuto san ဘေးမှာရှိနေခဲ့တာက အဲ့လိုတခြားသူကိုလွယ်လွယ်ပေးလိုက်ဖို့လို့များထင်နေတာလား?"
![](https://img.wattpad.com/cover/285852462-288-k284531.jpg)
YOU ARE READING
••The Owner Of Captain Owl ••
Fanfictionသိရောသိကြရဲ့လား? Fukurodani ရဲ့ Captain မှာပိုင်ရှင်ရှိတယ်တဲ့... Bokuaka Myanmar Fanfic feat.Kuroken Cover credit to original artist 22 Sep, 2021.