part-1

3.3K 175 2
                                    

Zawgyi

တိတ်​ဆိတ်​​နေတဲ့ အခန်းငယ်​ ထဲ အိပ်ရာထက်မှာ ​​​အိပ်​ချင်​​​ယောင်​​ဆောင်​​နေတဲ့ လူတစ်​​ယောက်​။
နိုးသူမဲ့​နေမှန်း သိရက်​နဲ့ လာနိုးမဲ့သူကို ​မျော်​လင့်​ ချက်​ကြီးစွာ ​စောင့်​​နေတာ သူဟာ တကယ်​ကို ရူးမိုက်​ပါ​ပေတယ်​။

ရူးမိုက်​တယ်​ ... ဟုတ်​တယ်​ ။ သူဟာ ရူးတယ်​ လူတစ်​​ယောက်​ကို ချစ်​မိလို့ ရူးတယ်​ ။ ကိုယ်​ချစ်​တဲ့ သူက ပြန်​မချစ်​မယ်​မှန်း သိရက်​နဲ့လည်း ဆက်​ချစ်​တယ်​။ ကိုယ်​ချစ်​တဲ့ သူရဲ့ အခြားတစ်​​ယောက်​နဲ့ ကြည်​နှုး​ပျော်​ရွင်​စွာ ကျင်းပမဲ့ လက်​ထပ်​ပွဲမှာ​ အပြုံးတုနဲ့ သွား​ရောက်​ ဂုဏ်​ပြု ​ပေးမဲ့ထိ သူရူးပါတယ်​။ အကုန်​လုံးကို ခြုံ​ပြောရရင်​ သူဟာ အချစ်​ရူးတစ်​​ယောက်​ပါ။

" ​ရှောင်​ကျန့်​ ..​ဒေါက်​ ....​ဒေါက်​..."

ဆော်​ရီး လာနိုးမဲ့သူမရှိဘူး​ ​ပြောခဲ့တာ ။ ဒီ​နေ့မှာ​တော့ သူမနိုးထချင်​​တောင်​ နိုးထလာလို့ ရ​အောင်​ သူငယ်​ချင်း ဖြစ်​သူ ဝမ်​ ကို လာနိုးခိုင်းထားတယ်​ မလား။ လာနိုးတယ်​ ဆိုရ​အောင်​ သူက​ရော တစ်​ညလုံး အိပ်​ခဲ့လို့လား။ အိပ်​ခဲ့လား မအိပ်​ခဲ့လား ​ခေါင်းအုံး​ပေါ်က မျက်​ရည်​​တွေက ​ဖြေ​ပေးလိမ့်​မယ်​။

"​ဒေါက်​..​ဒေါက်​..​ရှောင်​ကျန့်​ နိုးရင်​ထ​တော့ အချိန်​မမှီပဲ ​နေမယ်​"

" အင်း ငါလာခဲ့မယ်​ ..​အောက်​ထပ်​က​စောင့်​​နေ"

ခြေသံဖွဖွ အ​ဝေး​ရောက်​သွားသံက တကယ်​ပဲ ဝမ်​ ​အောက်​ထပ်​ ဆင်းသွားပါပြီ။ အဲ့လိုပဲ သူငယ်​ချင်း ၅​ယောက်​ထဲမှာ ဝမ်​က သူစကားနားအ​ထောင်​ဆုံးပဲ ။
သူ​ပြောရင်​ အကုန်​ ဖြစ်​​စေရမယ်​ပဲ လုံးဝ​စောဒက တက်​ခြင်း မရှိခဲ့ဘူး။

အခုလည်းကြည့်​​လေ မနက်​ကျ ငါ့ကိုလာနိုးပြီး ဝင်​​ခေါ်လှည့်​ပါလို့ ​ပြောလိုက်​တာ ကားနဲ့​တောင်​ နာရီဝတ်​​မောင်းရတဲ့ ဝမ်​နဲ့ သူ့အိမ်​ အကွာအ​ဝေးကို တစ်​ချက်​မငြီးငြူ ပဲ လာ​ခေါ်​ပေးခဲ့သည်​​လေ။ တကယ်​ကို သူငယ်​ချင်း​ကောင်းပါ ဝမ်​ရယ်​။ မင်းလိုမျိုး တစ်​စုံတစ်​​ယောက်​သာ ငါ့အ​ပေါ်သိတက်​ရင်​......

မချစ်​ဘူး ...ဝမ်​(မချစ်ဘူး ...ဝမ်)(Complete)Where stories live. Discover now