Zawgyi
တိတ်ဆိတ်နေတဲ့ အခန်းငယ် ထဲ အိပ်ရာထက်မှာ အိပ်ချင်ယောင်ဆောင်နေတဲ့ လူတစ်ယောက်။
နိုးသူမဲ့နေမှန်း သိရက်နဲ့ လာနိုးမဲ့သူကို မျော်လင့် ချက်ကြီးစွာ စောင့်နေတာ သူဟာ တကယ်ကို ရူးမိုက်ပါပေတယ်။ရူးမိုက်တယ် ... ဟုတ်တယ် ။ သူဟာ ရူးတယ် လူတစ်ယောက်ကို ချစ်မိလို့ ရူးတယ် ။ ကိုယ်ချစ်တဲ့ သူက ပြန်မချစ်မယ်မှန်း သိရက်နဲ့လည်း ဆက်ချစ်တယ်။ ကိုယ်ချစ်တဲ့ သူရဲ့ အခြားတစ်ယောက်နဲ့ ကြည်နှုးပျော်ရွင်စွာ ကျင်းပမဲ့ လက်ထပ်ပွဲမှာ အပြုံးတုနဲ့ သွားရောက် ဂုဏ်ပြု ပေးမဲ့ထိ သူရူးပါတယ်။ အကုန်လုံးကို ခြုံပြောရရင် သူဟာ အချစ်ရူးတစ်ယောက်ပါ။
" ရှောင်ကျန့် ..ဒေါက် ....ဒေါက်..."
ဆော်ရီး လာနိုးမဲ့သူမရှိဘူး ပြောခဲ့တာ ။ ဒီနေ့မှာတော့ သူမနိုးထချင်တောင် နိုးထလာလို့ ရအောင် သူငယ်ချင်း ဖြစ်သူ ဝမ် ကို လာနိုးခိုင်းထားတယ် မလား။ လာနိုးတယ် ဆိုရအောင် သူကရော တစ်ညလုံး အိပ်ခဲ့လို့လား။ အိပ်ခဲ့လား မအိပ်ခဲ့လား ခေါင်းအုံးပေါ်က မျက်ရည်တွေက ဖြေပေးလိမ့်မယ်။
"ဒေါက်..ဒေါက်..ရှောင်ကျန့် နိုးရင်ထတော့ အချိန်မမှီပဲ နေမယ်"
" အင်း ငါလာခဲ့မယ် ..အောက်ထပ်ကစောင့်နေ"
ခြေသံဖွဖွ အဝေးရောက်သွားသံက တကယ်ပဲ ဝမ် အောက်ထပ် ဆင်းသွားပါပြီ။ အဲ့လိုပဲ သူငယ်ချင်း ၅ယောက်ထဲမှာ ဝမ်က သူစကားနားအထောင်ဆုံးပဲ ။
သူပြောရင် အကုန် ဖြစ်စေရမယ်ပဲ လုံးဝစောဒက တက်ခြင်း မရှိခဲ့ဘူး။အခုလည်းကြည့်လေ မနက်ကျ ငါ့ကိုလာနိုးပြီး ဝင်ခေါ်လှည့်ပါလို့ ပြောလိုက်တာ ကားနဲ့တောင် နာရီဝတ်မောင်းရတဲ့ ဝမ်နဲ့ သူ့အိမ် အကွာအဝေးကို တစ်ချက်မငြီးငြူ ပဲ လာခေါ်ပေးခဲ့သည်လေ။ တကယ်ကို သူငယ်ချင်းကောင်းပါ ဝမ်ရယ်။ မင်းလိုမျိုး တစ်စုံတစ်ယောက်သာ ငါ့အပေါ်သိတက်ရင်......
YOU ARE READING
မချစ်ဘူး ...ဝမ်(မချစ်ဘူး ...ဝမ်)(Complete)
FanfictionYizhan Start-22.9.2021 End-23.9.2021 Photo cover #crd ချစ်လား မေးရင် မချစ်ဘူး လို့ဖြေမယ် မုန်းလား မေးရင် တိတ်ဆိတ်နေမယ် အကြောင်းပြချက် လာမမေးနဲ့ ငါမသိဘူး ...ဝမ် ချစ်လား မေးရင် မချစ်ဘူး လို့ဖြေမယ် မုန်းလား မေးရင် တိတ်ဆိတ်နေမယ် အကြော...