part-3

1.9K 174 6
                                    

Zawgyi

လူတစ်​​ယောက်​ အသဲကွဲရင်​ အချိန်​ဘယ်​​လောက်​ကြာလဲ။

သူလည်း အ​ဖြေကို မသိပါဘူး ဒါ​ပေမဲ့ သူက​တော့တစ်​လ အကြာမှာ ဖန်း​ကော ကို နှလုံးသားထဲက တကယ်​ ဖယ်​ထုတ်​ နိုင်​ခဲ့တယ်​ ။ တကယ်​မချစ်​လို့ ဒီ​လောက်​ပဲ ခံစားရတာလားလို့​တော့ မ​မေးပါနဲ့။ တစ်​လအတွင်း အလူးအလဲ ခံစားခဲ့ရ​တွေ ဘယ်​သူမြင်​မှာလဲ။ တစ်​​ယောက်​​တော့ မြင်​လိမ့်​မယ်​ ။ ​ဘယ်သူလဲလို့ေ​မးစရာမလို​​အောင် သူ့​​​အနားအမြဲရှိ​နေ​ပေးခဲ့တဲ့ ဝမ်​ပါပဲ။

" ကျန့်​ မင်းနိုး​နေပြီလား လာ ငါ မင်းအတွက်​ ဖက်​ထုပ်​​ပေါင်း ဝယ်​လာတယ်​ မင်းနဲ့ငါ ​ကျောင်းတုန်းက သွားစား​နေကြ ဆိုင်​က​လေ အ​ဒေါ်ကြီးက​တောင်​ ​မေး​နေတာ မင်းကိုမပါလို့​ ​နောက်​​တော့ ငါတို့အတူထပ်​သွားတာ​ပေါ့"

ဒီအ​တောအတွင်း သူ့အတွက်​ မနက်​စာပြင်​ဆင်​​ပေးတာ ဝမ်​အတွက်​ အလုပ်​တစ်​ခုလိုပဲ ။မနက်​တိုင်းလိုလို ဝမ်​မျက်​နှာကို မြင်​​နေရတာ မဆိုးလှပါဘူး။ နမို့ဆို ​ခြောက်​ကပ်​လွန်းတဲ့ သူ့အိမ်​က ကိုယ့်​အရိပ်​ကိုယ်​ပြန်​ကြည့်​ပြီး လန့်​ရမဲ့ အ​ခြေအ​နေ။

အခုလည်း ဝမ်​က သူကိုယ်​တိုင်​ဝယ်​လာတဲ့ ဖက်​ထုပ်​ကို ​သေချာပြင်​ဆင်​​ပေး​နေရင်း သူကိုလှမ်းစကား​ပြော​နေတာ။ ဝမ်​ ငါမင်း ဘယ်​လို​ကျေးဇူးတင်​ရမှာလဲ ။ ငါက အယူပဲရှိပြီး အ​ပေးလည်း မရှိခဲ့​တော့ အားနာလှပြီ။

"အ​ဝေးကြီးပဲကွာ "

"ရပါတယ်​ မင်း​ကြိုက်​တယ်​မလား ငါသွားရကျိုးနပ်​ပါတယ်​ သွား သွား မျက်​နှာသွားသစ်​"

"အင်း ခဏ​စောင့်​ ငါပြန်​လာခဲ့မယ်​"

"​ဖြေး​ဖြေးသွား​​လေကွာ ​ချော်​လဲမယ်​"

ရေချိုးခန်းထဲ ​ပြေးဝင်​သွားတဲ့ ကျန့်​ကိုကြည့်​ပြီး ​ချော်​လဲမှာ စိတ်​ပူ​နေမိ​သေးတာ။ တကယ်​ကို ကျန့်​အတွက်​ သူကိုယ်​တိုင်​ လုပ်​​ပေးရတာ မဟုတ်​ရင်​ ဘယ်​အရာမှ စိတ်​မချနိုင်​တာ။ ကျန့်​က အခု​ရက်​ပိုင်း ​တော်​​တော်​​လေး အ​ခြေအ​နေပုံမှန်​ဖြစ်​​နေပါပြီ။ အရင်​ရက်​​တွေတုန်းက အသိစိတ်​လွတ်​သလို ဖြစ်​​နေတဲ့ ကျန့်​ကို ကြည့်​​နေရတာ သူ့နှလုံးသား​တွေလည်း အတိုင်းအဆ မရှိ နာရတာပါပဲ ။ အခုလို သွက်​သွက်​လက်​လက်​ ပြန်​ဖြစ်​လာတဲ့ ကျန့်​ကိုမြင်​ရတာ သူ့အတွက်​ ဆုလာဘ်​ တစ်​ခုပါ။

မချစ်​ဘူး ...ဝမ်​(မချစ်ဘူး ...ဝမ်)(Complete)Where stories live. Discover now