Zawgyi
Star life စားသောက်ဆိုင် ရဲ့ ချောင်ကျကျ စာပွဲဝိုင်းမှာ ဝိုင်ပုလင်းကြီး လက်မှာကိုင်ပြီး မပီမသစကားတွေပြောပြီး ငိုယိုနေသူ ရှောင်ရှောင်းကျန့် ။
" မင်းတို့ပဲ စဉ်းစားကြည့်ကွာ ငါက ကောကို ဟိုးအရင် ပုစီကွေးလေးထဲက ချစ်လာတဲ့ ကောင်ပါ ဘာလို့လဲ ဟင့် ဘာလို့ ကောလက်တွဲတဲ့ သူက ငါမဟုတ်ရတာလဲ နာတယ် ဒီနားကအရမ်းနာတယ်"
သူရင်ဘက်ကို လက်သီးဆုတ်နဲ့ ထုပြပြီး ငိုနေတဲ့ အမူးသမားလေးက သူ့ကို ဒီဝိုင်းမှာ သနားမဲ့သူ တစ်ယောက်တစ်လေတောင် ရှိမနေတာ ရှောင်ကျန့်တစ်ယောက် မသိရှာပါဘူး။
" အေး ကောင်းတယ် အဲ့တာ မင်းဝဋ်လည်တာ"
"ကျိုးချန်"
"ဘာလဲ မင်းလာတားမနေနဲ့ ဟောက်ရွမ်း ငါအဲ့ကောင်ကို မြင်ပြင်းကပ်လာပြီ"
စိတ်ထဲ ရှိသလို ထပြောလာတဲ့ ဘုကလန့်ကောင်ကျိုးချန်ရဲ့ စကားအသွားအလာကို ကြိုသိနေတဲ့ ဟောက်ရွမ်းက ဝင်ပိတ်ပြောပေးသည်။ မဟုတ်ရင် အမူးသမားနဲ့ ဘုကလန့်ကောင်ရဲ့ ရန်ပွဲကို သူနဲ့ ရှင်းချန် နှစ်ယောက်ထဲ ဝင်မထိန်းနိုင်ပါ။ ဒီအမူးသမားလေးကို စိတ်ရှည်လွန်းတဲ့ ဝမ်ရိပေါ်ကလည်း ဒီအသဲကွဲပါတီကို မပါလာခဲ့တာကြောင့် သူတို့သုံးယောက်ကသာ ဒိုင်ခံထိန်းရမည်။
"ဟင့် ငါက...ငါက ဘာကို ဝဋ်လည်ရမှာလဲ မင်းတို့မှ တဖက်သတ်မချစ်ဘူးတာ ကျိုးချန် မင်းက မင်းရဲ့ ကျဲဝမ်ချင်နဲ့ အဆင်ပြေနေတဲ့သူလေ ငါကို ဘယ်နားလည်ပါ့မလဲ ပြီးတော့ ဟိုနှစ်ကောင် ဟောက်ရွမ်းနဲ့ ရှင်းချန် မင်းတို့နှစ်ကောင်လည်း ငါ့ရှေ့မှာ လာro ပြမနေနဲ့ ...အီးဟီး ဝမ်ရေ ဒီမှာ အသဲကွဲတာကို အေးဆေးမကွဲရဘူး ငါကို လာလှောင်နေကြတယ် "
"ဟာ ဘယ်နှဲ့ကောင်တုန်း မင်းဒုက္ခရောက်ရင် ရိပေါ်ပဲ တ တက်တာလား မင်းရဲ့ အချစ်ဉီးအဖိုးကြီးကိုတပါ့လား ငါတို့သူငယ်ချင်းကို လာမတနဲ့"
YOU ARE READING
မချစ်ဘူး ...ဝမ်(မချစ်ဘူး ...ဝမ်)(Complete)
FanfictionYizhan Start-22.9.2021 End-23.9.2021 Photo cover #crd ချစ်လား မေးရင် မချစ်ဘူး လို့ဖြေမယ် မုန်းလား မေးရင် တိတ်ဆိတ်နေမယ် အကြောင်းပြချက် လာမမေးနဲ့ ငါမသိဘူး ...ဝမ် ချစ်လား မေးရင် မချစ်ဘူး လို့ဖြေမယ် မုန်းလား မေးရင် တိတ်ဆိတ်နေမယ် အကြော...