Zawgyi
မောင် ခြွေခဲ့သော ပန်းတစ်ပွင့်{Part(2)}
မောင်နဲ့လက်ထပ်ထားတာ ယခုဆိုလျှင်
(15)နှစ်တောင် ပြည့်တော့မည်။ ကျွန်မတို့မှာ
သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်
ရှိနေပြီ။ သားလေးက ဒီနှစ်ဆို (14)နှစ်ရှိပြီ။
သမီးလေးကတော့ (7)နှစ်သာ ရှိသေးသည်။
သားလေးနဲ့သမီးလေးက သိပ်လိမ္မာကြတာ။ကျွန်မစကားကိုလည်း တစ်ခွန်းဆိုတစ်ခွန်း
နားထောင်ကြသည်။ ဒီသားနဲ့သမီးကြောင့်
မောင့်အပေါ် ကျွန်မအချစ်တွေ ပိုတိုးလာရသည်။
အခုဆို သားလေးက အရွယ်ရောက်နေပြီဆိုတော့
ကျောင်းသွားရင် ကိုယ်တိုင်ကားမောင်းသွားသည်။
သူ့ညီမလေးကိုလည်း သူကိုယ်တိုင်လိုက်ပို့သည်။Companyတဖက်နဲ့မို့ ကျွန်မပင်ပန်းမှာစိုးလို့တဲ့။
ကျွန်မကလည်း မောင့်ရဲ့Companyခွဲတစ်ခုကို
ဦးစီးနေပြီဆိုတော့ အရင်ကလောက်
ကလေးတွေအပေါ် ဂရုစိုက်ချိန် မရှိတော့ဘူးလေ။
အခုတောင် Companyသွားရတော့မည်။"Alex...သားရေ...ခနလာဦး"
သူ(မ)ခေါ်လိုက်တော့ အခန်းထဲက ထွက်လာသော
သားကြီး..."ဗျာ...Mommy..."
"Mommy Companyသွားတော့မယ်။
အပြန်ကျရင် ဘာဝယ်ခဲ့ရမလဲ""ရပါတယ်Mommy...ညနေစောစောသာ
ပြန်လာခဲ့နော်။ ဒီနေ့က ညီမလေးရဲ့(7)နှစ်ပြည့်
မွေးနေ့လေ""ဟုတ်ပါပြီကွယ်။ ဒါဆို သားတို့ ရေချိုးပြီး
ကျောင်းသွားတော့နော်""ဟုတ်ကဲ့Mommy..."
"ဒါဆို Mommyသွားပြီ။ Nataရေ...
ကိုကိုနဲ့ရေချိုးပြီး ကျောင်းသွားတော့နော်""Yes,Mommy..."
✧・゚: *✧・゚:*✧・゚: *✧・゚:*✧・゚: *✧・゚:*
ကျွန်မတို့မိသားစုလေးက အလွန်ပျော်စရာ
ကောင်းခဲ့ပါသည်။ အခုတော့ဖြင့် အရာအားလုံး
အရင်လိုမဟုတ်တော့...။ ပြောင်းလဲသွားခဲ့ပြီ။
အဓိက ပြောင်းလဲသွားတာကတော့ မောင်...။
ဘယ်အချိန်ကစပြီး ပြောင်းလဲသွားလဲဆိုရင်
လွန်ခဲ့တဲ့(3)နှစ်...မောင့်Companyကို
Staffအသစ် ရောက်တဲ့အချိန်တည်းကပဲ
ဆိုပါတော့...။
YOU ARE READING
Fanficမိဘတွေသဘောတူလို့ လက်ထပ်ခဲ့ရသော သူတို့နှစ်ဦး... သားသမီးတွေနဲ့ ပျော်ရွှင်နေသော သူတို့မိသားစုဘဝထဲ Renဆိုတဲ့အမျိုးသမီး ရောက်လာတဲ့အခါ... မိဘတွေသဘောတူလို့ လက်ထပ်ခဲ့ရသော သူတို့နှစ်ဦး... သားသမီးတွေနဲ့ ပျော်ရွှင်နေသော သူတို့မိသားစုဘဝထဲ Renဆိုတ...