Zawgyi
မောင် ခြွေခဲ့သော ပန်းတစ်ပွင့်{Part(9)}
"Gulf...မင်းတော်တော့။ ဒီကိစ္စမှာ Renကို
ထပ်ဆွဲမထည့်လို့ မရဘူးလား"Mewစကားကြောင့် သူ့အမေက...
"သားMew...အဲ့ဒါဘာစကားလဲ။ သားMewက
အခု သူ့ဘက်ကနေ နာပေးနေတာလား""သားပြောချင်တာ အဲ့လိုမဟုတ်ဘူးလေ။
Mommyတို့ သူ့ကို လူရှေ့မှာ
အရှက်ခွဲပြီးတာတောင် မကျေနပ်သေးဘူးလား""ကျေနပ်ရမယ်။ မောင်...လူရှေ့မှာ အရှက်ခွဲပြီးရုံနဲ့
ကျေနပ်ရအောင် Renယူသွားတာ
ပစ္စည်းမဟုတ်ဘူးလေ။ မိန်းမနှလုံးသားကို
ယူသွားတာ။ မိန်းမနှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး
ချစ်ထားတဲ့မောင့်ကို လုယူသွားတာ။
အဲ့ဒါကို မကျေနပ်သေးဘူးလားလို့ မောင်မို့လို့
မေးရက်တယ်"Gulfဒီထက်ပိုပြီး သည်းမခံနိုင်တော့ပါ။
သစ္စာဖောက်ထားတဲ့လူတွေကို အရှက်ခွဲရုံနဲ့
ကျေနပ်စရာလား။"ဒါပေမယ့် မင်းလုပ်လိုက်တာ လုပ်ငန်းရှင်တွေ၊
ဝန်ထမ်းတွေရှေ့မှာလေ။ မင်းကျေနပ်သင့်ပါတယ်""ဘာပြောတယ်။ ကျေနပ်သင့်တယ်ဟုတ်လား။မောင်...မောင်နဲ့Renက ဖောက်ပြန်နေတာနော်။
မိန်းမခံစားလာရတာ (1)လ(2)လမဟုတ်ဘူး။(2)နှစ်ကျော်လောက် လျစ်လျူရှူခံရတာကို
(2)နာရီလောက် အရှက်ခွဲလိုက်ရုံနဲ့ မိန်းမက
ကျေနပ်မယ်လို့ မောင်ထင်နေတာလား""Gulf...မင်းတော်သင့်ပြီနော်။
မင်းဘာဖြစ်နေတာလဲ။ သူလည်းမိန်းမသား၊
မင်းလည်းမိန်းမသား၊ မိန်းမသားချင်းစာနာရင်
မင်းဒီလောက်တော့ မပြောသင့်ဘူး""မပြောသင့်ဘူးဟုတ်လား။ သူ့ကိုဒီ့ထက်တောင်
ပိုပြောချင်တာ။ 'အငယ်အနှောင်း'ဆိုတဲ့
အသုံးအနှုန်းထက်ဆိုးတဲ့ အသုံးအနှုန်းရှိရင်တောင်ပြောချင်နေတာ။ အဲ့ဒါမောင်သိလား။ ပြီးတော့
ဘာဖြစ်တယ်။ မိန်းမသားချင်းစာနာရင်...ဟက်!
သူ့ကရော မိန်းမသားချင်းမစာနာဘူးလား။
အေးပေါ့။ မစာနာလို့ဘဲ သူများယောက်ျားကို
ကြောင်တောင်နှိုက်တာလေ"
YOU ARE READING
Fanfictionမိဘတွေသဘောတူလို့ လက်ထပ်ခဲ့ရသော သူတို့နှစ်ဦး... သားသမီးတွေနဲ့ ပျော်ရွှင်နေသော သူတို့မိသားစုဘဝထဲ Renဆိုတဲ့အမျိုးသမီး ရောက်လာတဲ့အခါ... မိဘတွေသဘောတူလို့ လက်ထပ်ခဲ့ရသော သူတို့နှစ်ဦး... သားသမီးတွေနဲ့ ပျော်ရွှင်နေသော သူတို့မိသားစုဘဝထဲ Renဆိုတ...