Zawgyi
မောင် ခြွေခဲ့သော ပန်းတစ်ပွင့်{Part(11)}
'မောင်...တကယ်လို့ တချိန်ချိန်မှာ
မိန်းမပျောက်ကွယ်သွားခဲ့ရင် မောင်ဆက်ပြီး
ရှင်သန်ပေးနိုင်မလား'Mew's pov:
ဒါက မိန်းမနောက်ဆုံးပြောခဲ့တဲ့စကား။
တကယ်ဆို အဲ့စကားက (3)နှစ်ကျော်သွားပြီ။
ပြန်ကြားရတိုင်း မောင့်မှာဖြေစရာတစ်ခွန်းပဲ
ရှိတယ်။ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မောင်
ရှင်သန်ပေးမယ်။ အရင်လို တက်ကြွနေတဲ့
လူတစ်ယောက်အနေနဲ့မဟုတ်ဘဲ
သံပတ်နဲ့လည်နေတဲ့ စက်ရုပ်တစ်ရုပ်လို
မနက်ဆိုCompanyသွား၊ ညနေဆိုအိမ်ပြန်၊ညဆိုအိပ်။ ဒါက မောင့်ရဲ့တနေ့တာပဲ။အပြုံးနဲ့ပျော်ရွှင်မှုဆိုတာ ဘာလဲလို့
ပြန်မေးရလောက်အောင် မောင့်ဆီမှာ
အပြုံးတွေ၊ပျော်ရွှင်မှုတွေ ပျောက်ကွယ်သွားတာ
မိန်းမ,မရှိတော့ကတည်းကပေါ့။ မောင်ပြုံးနေဖို့
လိုသေးလို့လား။ မောင့်ရဲ့ပန်းချီလေးက
မောင့်အနားမှာ မရှိတော့ဘူးလေ။
မောင်ပျော်ရွှင်ဖို့ လိုလို့လား။
မောင့်ပျော်ရွှင်မှုလေးဖြစ်တဲ့မိန်းမက
မောင့်အနားမှာမှ မရှိတော့ပဲ။မိန်းမရေ...အရင်တည်းက အနေအေးတဲ့
မောင်တို့ရဲ့သမီးလေးက အခုဆိုရင်
စကားမပြောတော့တာကြာပေါ့။
သမီးလေးစကားပြောတဲ့အချိန်က
"Mommyဘယ်တော့ပြန်လာမှလဲ'ဆိုတဲ့မေးခွန်
မေးတဲ့အချိန်ပဲရှိတယ်။ သမီးလေးမေးလာတာ
မနေ့ကထိဆို (1154)ခေါက်ရှိပြီ။ တစ်ရက်မပျက်
မေးလာတိုင်း မောင့်မှာ ဖြေဖို့အဖြေမရှိသေးဘူး။ကြယ်ကြွေချိန် ဆုတောင်းရင်
ဆုတောင်းပြည့်တယ်လို့ ပြောကြတယ်။
မောင်အမြဲတမ်း ဆုတောင်းပါတယ်။
"ကျွန်ုပ်၏ဇနီး ကျွန်ုပ်အနားသို့ ပြန်လာပါစေ'လို့...
အဲ့ဆုတောင်းကို ဘယ်နှကြိမ်မှန်းမသိ
ဆုတောင်းလာတာ (3)နှစ်ကျော်သွားပြီ။
အခုထိ ဆုတောင်းမပြည့်သေးဘူး။ တကယ်ပဲ
မောင့်ဆီကို ပြန်မလာတော့ဘူးလား။
YOU ARE READING
Fanfictionမိဘတွေသဘောတူလို့ လက်ထပ်ခဲ့ရသော သူတို့နှစ်ဦး... သားသမီးတွေနဲ့ ပျော်ရွှင်နေသော သူတို့မိသားစုဘဝထဲ Renဆိုတဲ့အမျိုးသမီး ရောက်လာတဲ့အခါ... မိဘတွေသဘောတူလို့ လက်ထပ်ခဲ့ရသော သူတို့နှစ်ဦး... သားသမီးတွေနဲ့ ပျော်ရွှင်နေသော သူတို့မိသားစုဘဝထဲ Renဆိုတ...