Part-3

449 33 1
                                    

Unicode

🍀တွယ်ငြိနှောင်ကြိုး🍀

Part-3

Gulf သူ့ကို အထင်လွဲသွားတယ်ဆိုတာ
Mew သိတာပေါ့ ဖြေရှင်းဖို့ကြိုးစားမဲ့အချိန်မှာပဲ အလုပ်ကိစ္စကပေါ်လာတော့
ထွက်လာရလေတယ်...

" Fiat "

" ဗျာ Boss "

သူ့သူဌေး အိမ်ကထွက်လာထဲက မျက်နှာမကောင်းတာသိပေမဲ့ ဘာဆိုတာကိုမမေးပဲ နေလိုက်တယ် အခုသူ့ကိုခေါ်တယ်ဆိုတော့ ရင်ဖွင့်တော့မယ်ဆိုပြီး တွေးလိုက်မိလေသည်...

" Gulf ကို ဘယ်လိုမြင်လဲ "

Boss ကတော့လုပ်ပြီ သူ့ကလေးကိုမြင်တဲ့အမြင်လာမေးနေပြန်ပြီ ရင်ထဲကခံစားချက်ကို ဖွင့်ချစရာရှိတာဖွင့်မချဘူး...

" ဘာကိုပြောချင်တာလဲ Boss "

" ဒီလိုကွာ Gulf ချင်းမိုင်ကရောက်စနဲ့ကွဲ
ခြားသွားတယ် နောက်ပြီး လူရည်လည်
လာပြီကွာ သူ့အတွက် တက်လမ်းတွေငါ
ဖန်တီးပေးရမယ် ငါက သူ့တက်လမ်းပိတ်နေမှာကို မလိုလားဘူး "

လူပျိုကြီးBoss အတွေးတွေကခေါင်ပ
ချစ်ရင်ချစ်တယ်ပေါ့ ဘာလဲတက်လမ်း
တွေရော ဘာရော မဆိုင်တာ...

" ကျနော့်ကိုမေးပြီး Boss ကကောGulf
အပေါ် "

" ငါကအသက်ကြီးတယ်ကွသူကငယ်ရွယ်နေတဲ့အချိန် ငါဆက်မတိုးတာကောင်းမယ်လို့ ထင်တယ် "

" Boss အချစ်မှာ အသက်ကြီးတယ်ငယ်
တယ်ဆိုတာ မရှိပါဘူး အဓိကက Boss
တို့ နှစ်ယောက်ချစ်နေဖို့ အရေးကြီးတယ် "

" ငါ့ကို Gulf အထင်လွဲသွားတယ်ကွာ ဒီတိုင်းမဖြေရှင်းပဲ ထားလိုက်ရမလားဒါမှ
မဟုတ် ဖြေရှင်းပြီး ငါ့ရင်ထဲကခံစားချက်ကို ဖွင့်ထုတ်လိုက်ရမလား "

" Boss ဦးနှောက်နဲ့ရွေးချယ်ရမှာမဟုတ်ဘူး နှလုံးသားစေရာအတိုင်း Bossလိုက်
လုပ်ရမှာ "

" ပြောကြည့်လိုက်မယ်လေ အရှုံးတော့မရှိပါဘူးသူ့ကိုစောင့်ရှောက်ထားပြီးအနိုင်ယူတာလို့ ထင်မှာပဲ ကြောက်တာ "

" Boss ရယ် ကျနော်ဘေးက ကြည့်ရသ
လောက်တော့ Gulfလည်း Bossအပေါ်
တွယ်တာနေပြီလို့ ကျနော်မြင်တယ် "

💛တွယ်ငြိနှောင်ကြိုး💛Unicode/Zawgyi(Complete)Место, где живут истории. Откройте их для себя