Part-14🔞🔞

403 23 0
                                    

Unicode

🍀တွယ်ငြိနှောင်ကြိုး🍀

Part-14 🔞🔞

ဒီလိုနဲ့အချိန်တွေ တရွေ့ရွေ့ကုန်လာလိုက်တာ မီးမီးလေးဆေးရုံဆင်းရမဲ့ရက်ကိုရောက်လာပါတော့တယ်...

" U'Mew... ကျနော်ပျော်တယ်သိလား ရင်ခွင်ထဲမှာ မီးမီးကို ပိုက်ထားရတာဘယ်လောက်တောင် ကျေနပ်ဖို့ကောင်းလဲ "

" ကလေးကို ဦးကြည့်နေရတာလည်းဘယ်လောက်တောင် ကျေနပ်ပီတိဖြစ်နေရတယ်ကွ "

" ကျနော်သိပါတယ် သားနေဝန်းလေးမွေးနေ့ရောက်တော့မယ် U'Mew ဘာ
စဥ်းစားထားလဲ "

" ခြံထဲမှာပဲ လုပ်ဖို့စိတ်ကူးထားတယ် ပြီးတော့အဲ့နေ့မှာ Kaoက Fiatကို လက်ထပ်ခွင့်တောင်းမယ်ဆိုပြီး ဦးကိုပြောထားတယ် "

" ဟုတ်လား ပျော်စရာကြီး U'Mewသူတို့ကို မင်္ဂလာပွဲကိုအစအဆုံးလုပ်းပေးနော်P'Faitက U'Mew တပည့်အရင်းခေါက်ခေါ​က်ကြီးလေ "

" ဦးလဲ စဥ်းစားထားပြီးသား အိမ်တောင်စီစဥ်ပေးထားပြီ "

" ဟယ်...တကယ်လား U'Mewက အဲ့လိုသဘောကောင်းမယ်ဆိုတာ ကျနော်ကသိပြီးသား အဲ့ကြောင့်ချစ်နေရတာ "

" ဦးကအရမ်းကိုချစ်ချင်နေပြီကွ မြင်
သာမြင်ရမကြင်ရတဲ့ဘဝတော်တော်ဆိုးတယ်"

" U'Mew ချစ်ချင်ရင်ချစ်ပေါ့ရပြီ "

" သိပါတယ် ဦးက ကလေးရဲ့ဗိုက်ကဒဏ်ရာကြောင့် တစ်ခုခုဖြစ်မှာစိုးတယ် "

" U'Mew ကျနော့်ကို ဂရုစိုက်တယ်ဆိုတာသိတယ် ဒါပေမဲ့ U'Mewဘက်ကအရမ်းတောင့်တလာရင် ကျနော့်ဘက်ကဖြည့်ဆည်းပေးဖို့ အသင့်ပါပဲ "

" အင်းပါ ဦးဒီလိုပြောရင် ကလေးဘက်ကပြောလာမဲ့စကားကိုကြိုသိတယ် ဦးဘက်က ဘယ်လောက်ပဲတောင့်တနေပါစေကလေးဘက်က Safeမဖြစ်မ
ချင်းဦးက ကလေးအပေါ် အချစ်မကြမ်းချင်ဘူး "

U'Mew ကသူ့အပေါ်အမြဲကြင်နာသလို
ကျနော်ထိခိုက်မှာကိုလည်း မလိုလားဘူးတစ်ယောက်ပေါ့...

" ဟေး....ညီမလေး ပါလာပြီ "

ခြံထဲ ကားလေးဝင်လာသည်နှင့်သားနေဝန်းအိမ်ထဲက ပြေးထွက်လာပြီးကြိုပါတော့တယ်...

💛တွယ်ငြိနှောင်ကြိုး💛Unicode/Zawgyi(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ