Part-13

366 29 2
                                    

Unicode

🍀တွယ်ငြိနှောင်ကြိုး🍀

Part-13

Mewတို့ဆေးရုံရောက်တော့Gulfကိုခွဲခန်းထဲကိုခေါ်သွားကြသည်။Mew ခွဲခန်းအပြင်မှာ ထိုင်စောင့်နေရင်း လူ့လောကထဲဝင်ရောက်လာမဲ့သမီးလေးအတွက်ရောGulfအတွက်ရော အန္တရာယ်ကင်းစေရန်ဆုတောင်းပေးနေမိတယ်။

ကျွီ....

တစ်နာရီကျော်လောက်ကြာသွားပြီးတဲ့
နောက်မှာ ခွဲခန်းတံခါးပြန်ပွင့်လာချိန်မှာတော့ Mew ဆရာဝန်တွေအနားကိုအမြန်လျှောက်သွားလိုက်သည်။

" ဒေါက်တာ Gulf နဲ့သမီးလေးအခြေ
အနေဘယ်လိုလဲဟင် "

" ခွဲစိတ်မှု အောင်မြင်ပါတယ် သမီးလေးလဲခြေလက်အစုံအလင်ပါပါတယ် လမစေ့ပဲ မွေးလို့ ဖန်ပေါင်းထဲမှာ ၁လတော့ထားပေးရမယ်ရှင့်Gulfလေးလဲ ကျန်းမာပါတယ် ခဏနေ လူနာခန်းကိုရွေ့ပေးမယ် ကလေးကိုတော့ ကလေးသီးသန့်ထားတဲ့အဆောင်မှာ သွားကြည့်လို့ရတယ် "

" ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဒေါက်တာဘယ်လိုကျေးဇူးဆပ်ရမှန်းမသိတော့ဘူး"

" ဒါက ကျမတို့ဆရာဝန်တွေရဲ့အလုပ်ပါပဲ ကျန်တာတွေ မလိုအပ်ပါဘူး "

သိပ်မကြာလိုက်ပါဘူး Gulfတစ်ယောက်ပက်လက်အနေအထားနဲ့ တွန်းလှည်းပေါ်တင်သွားကာ လူနာခန်းဆီသို့ရွေ့ပေးနေပါတော့သည်။

ကျနော့်လို တစ်ကောင်ကြွက်ကိုမိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဖန်တီးပေးသူလေးက နှစ်ခြိုက်စွာအိပ်ပျော်နေပါတော့တယ်။လမ်းမှာလာရင်းစိတ်တွေပူနေရပေမဲ့ ကလေးရော လူကြီးပါအဆင်ပြေတော့ လည်ပင်းမှာတစ်နေတဲ့အလုံးကြီးကျသွားရပါတော့သည်။

တစ်နာရီလောက် Gulfလက်လေးကိုဆုပ်ကိုင်ပြီး ဘေးမှာ Mewထိုင်စောင့်နေလိုက်သည်။

" အင့် "

" ကလေး နိုးလာပြီလား ခွဲထားတဲ့နေရာ
ရော နာနေသေးလား "

" နည်းနည်း U'Mew သမီးလေးရော "

" အကုန်ကောင်းတယ် တစ်ခုပဲလမစေ့လို့ဖန်ပေါင်းထဲထည့်ထားရမယ်တဲ့ "

" U'Mew သွားကြည့်ပြီးပြီလား "

" အင်း ဦးသွားကြည့်ပြီးပြီ Junior Gulfလေးပဲ ကလေးနဲ့အရမ်းတူတာ "

💛တွယ်ငြိနှောင်ကြိုး💛Unicode/Zawgyi(Complete)Où les histoires vivent. Découvrez maintenant