part 8

5.8K 321 2
                                    


မိုးခြံထဲမှာပန်းပင်ရေလောင်းနေတုန်း အိမ်ရှေ့မှလူခေါ်ဘဲလ်သံကြားလို့ ကြီးကြီးတို့ဧည့်သည်လာတယ်ထင်ပြီး မိုးထွက်သွားကြည့်လိုက်သည်။

"ဟင်"

အန်တီကလျာပါလား....ဒုက္ခပဲ မိုးဒီမှာရှိတာဘယ်လိုသိသွားပါလိမ့်။မိုးခြံတံခါးကိုဖွင့်ပေးရမှာလား မဖွင့်ရဘူးလား။ဘယ်လိုလုပ်ရမလဲ။

"မင်းကိုမင်းပုန်းတာသိပ်ကိုလုံလှပြီထင်တယ်ပေါ့ ဟုတ်လား
ချယ်ရီမိုး ငါထင်တယ်ညည်းသော်ဇင်ဆိုတဲ့ကောင်နဲ့တော့အဆက်သွယ်ပျက်မှာမဟုတ်ဘူးဆိုတာ ဒါကြောင့်ငါသူ့နောက်ခြေရာခံထားတာ ထင်တဲ့အတိုင်းပဲ"

"အန်..အန်တီ"

မိုး လန့်နေမိသည်။အန်တီမိုးကို တစ်ခုခုလုပ်တော့မှာများလား။

"မကြောက်ပါနဲ့ ငါညည်းကိုဘာမှမလုပ်ပါဘူး အခုငါနဲ့အိမ်ကိုပဲပြန်လိုက်ခဲ့ ချယ်ရီမိုးး"

"ဟင့်အင်း မိုးမလိုက်ဘူး"

"ချယ်ရီမိုး"

ဒေါ်ကလျာစိတ်မရှည်စွာ အော်လိုက်မိသည်။မိုးကြောက်ပြီးတဆတ်ဆတ်တုန်လာသည်။

အိမ်ရှေ့ကအသံတွေကြောင့် ဒေါ်ယဉ်မေအိမ်ရှေ့ထွက်ကြည့်လိုက်တော့ မိုးနဲ့အမျိုးသမီးတစ်ဦးကိုတွေ့ရလေသည်။မိုးကအဲ့ဒီအမျိုးသမီးကို ခြံတံခါးလဲမဖွင့်ပေးပါလား။မိုးရဲ့မိထွေးဆိုသူများလား။ကောင်မလေးကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေသလိုပင်။ဒေါ်ယဉ်မေမနေသာတော့ပဲ အိမ်ရှေ့ထွက်ကာ ခြံတခါးဖွင့်ပေးလိုက်သည်။

"သမီးမိုး ဘာဖြစ်တာလဲ ဒီကညီမက"

"ကျွန်မကချယ်ရီမိုးရဲ့အမေပါ ဒီကအစ်မကကျွန်မကလေးကိုလက်ခံစောင်ရှောက်ပေးထားတဲ့သူထင်တယ် ကျွန်မမိုးကိုပြန်ခေါ်သွားချင်တယ်"

မိုး ကြီးကြီးသဘောမတူပါစေနဲ့ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ခဲ့ပေ။

"awwမိုးရဲ့အမေပါလား လာအိမ်ထဲဝင်ပါဦးကျွန်မလဲမိုးကိုအိမ်ပြန်ဖို့ဖြောင်းဖျပါတယ် "

"ဟုတ်ကဲ့ မဝင်တော့ပါဘူး ကျွန်မကလေးကိုလက်ခံစောင့်ရှောက်ပေးထားခဲ့တဲ့အတွက် ကျွန်မကျေးဇူးတင်ပါတယ် အစ်မဒါဆိုကျွန်မမိုးကိုပြန်ခေါ်သွားတော့မယ်နော် မိုးလာလိုက်ခဲ့"

ကံကြမ္မာစေရာWhere stories live. Discover now