part 14

5.7K 313 6
                                    

လရိပ်ဆိုင်ကနေပြန်ရောက်ရောက်ချင်း အိမ်ထဲမှာပြေးလွှားဆော့ကစားနေတဲ့pomeranianအမျိုးအစားခွေးပိစိစိလေးနှစ်ကောင်ကို မြင်လိုက်ရတော့ရုတ်တရတ်အံ့ဩသွားသည်။

"မမ "

မိုးကခွေးပိစိလေးနှစ်ကောင်ကိုချီကာ သူမအနားရောက်လာသည်။

"မိုး သူတို့ကမိုးဝယ်လိုက်တာလား"

"ဟုတ် ချစ်ဖို့ကောင်းတယ်နော်မမ "

"အင်း တို့ချီကြည့်ရအောင်"

မိုးလက်ထဲကခွေးလေးတစ်ကောင်ကိုယူလိုက်သည်။မိုးပြောသလိုပဲ ခွေးလေးကပိစိလေးနဲ့ချစ်ဖို့ကောင်းပြီးအသဲယားစရာကောင်းလွန်းလှသည်။

"မမလက်ထဲက ကလေးကjumo မိုးဆီကကလေးကjuno ဒီကောင်က၇သိန်းခွဲပေးရတယ်မမ"

လရိပ်မျက်လုံးပြူးသွားသည်။နှစ်ကောင်ဆိုရင်၁၅သိန်းပေါ့။ဒီခွေးပိစိလေးကအဲ့လောက်တောင်ပေးရတယ်လား။

"ဈေးများတယ်နော်မိုး "

"အဲ့ဒါပြောတာသမီးရေ ဒီခွေးပိစိစိလေးကို အဲ့လောက်ဈေးပေးဝယ်တာ မိုးကတစ်ကယ်ဖြုန်းတီးတာပဲ ပြီးတော့အိမ်လုံတာလဲမဟုတ်ဘူးဒီခွေးပိစိလေးက"

ကြီးမေကပွစိပွစိမြည်ရင်း အနားရောက်လာသည်။ကြီးမေစကားကြောင့်လရိပ် မိုးအပေါ်အားနာသွားမိသည်။မိုးကတော့ဘာမှမဖြစ်တဲ့ပုံပင်။

"ကြီးမေကလဲ ဒါကဖြုန်းတီးတာဘယ်ဟုတ်မလဲ မိုးကကုသိုလ်ကောင်းမှုလုပ်လိုက်တာပါနော် ဒီကောင်လေးတွေ တစ်ခြားပိုင်ရှင်လက်ထဲရောက်သွားရင် ကောင်းကောင်းနေချင်မှနေရမှာလေ မိုးကသူတို့ကိုမိုးရဲ့သားသမီးလိုသေချာဂရုစိုက်ပြီးကျွေးမွေးစောက်ရှောက်ပေးမှာ ဟုတ်တယ်နော်မမ"

"အင်း ဟုတ်တယ်မိုးကတိရစ္ဆာန်လေးတွေကိုအရမ်းချစ်တတ်တာ"

"မမကလဲ တိရစ္ဆာန်လို့မပြောပါနဲ့ ဒါကမိုးရဲ့ကလေး မိုးရဲ့အသဲတုံးလေးတွေပါ"

"မမမှားပါတယ်"

"ညည်းတို့နှယ်အေ တစ်ကယ်မနိုင်ဘူး"

ပြောပြီးတော့ ကြီးမေထွက်သွားလေသည်။

"ငယ်သေးတဲ့ပုံပဲနော်မိုး"

ကံကြမ္မာစေရာWhere stories live. Discover now