part 4

6.9K 404 1
                                    

လရိပ် မိုးကိုသတိရ၍ ဆိုင်ကနေအိမ်ခဏပြန်လာချိန်မှာ မိုးကကောင်လေးတစ်ယောက်ရဲ့ ဆိုင်ကယ်ပေါ်ပါသွားလေသည်။ထိုမြင်ကွင်းကိုကြည့်ပြီး လရိပ်ရင်ဘတ်ထဲအောင့်လာသလိုခံစားလိုက်ရသည်။

ကိုယ်ကသူ့ကိုသတိရလို့ပြန်လာတာကို သူကကောင်လေးနဲ့ပါသွားသည်။သူ့ကောင်လေးများလား။ဟုတ်ရင်လဲဟုတ်မှာပေါ့လေ။ဒီလိုအသက်အရွယ်မှာချစ်သူရှိတာအဆန်းမှမဟုတ်ပဲ။ဆန်းနေတာက လရိပ်ပဲဖြစ်သည်။ဘာဖြစ်လို့ ဒီကောင်မလေးကိုမှ အာရုံစိုက်နေမိရတာလဲ။လရိပ်တစ်ကယ်ပဲ ချယ်ရီမိုးဆိုတဲ့ကောင်မလေးကိုချစ်မိနေတာလား။

လရိပ်စိတ်ရှုပ်စွာဖြင့် အိမ်ထဲမဝင်တော့ပဲ သူငယ်ချင်း ကောင်းဟိန်းသန့်ရဲ့ဆေးခန်းကိုထွက်လာခဲ့လိုက်သည်။

ဆေးခန်းကိုရောက်တော့  ဟိန်းသန့်ကလရိပ်ကိုအထူးအဆန်းကြည့်နေသည်။

"ထူးထူးဆန်းဆန်း ဒီအချိန်ကြီး ငါ့ဆီအလည်လာလို့ပါလားလရိပ် ဘာလဲနေမကောင်းလို့လား"

"ဖွဟဲ့ နင့်ပါးစပ်ပုပ်ကြီးနဲ့မဦးမချွတ် ငါကနေမကောင်းဖြစ်စရာလား"

လရိပ်ရဲ့စကားကို  ဟိန်းသန့်ကသဘောကျစွာရယ်နေသည်။ထိုစဉ်ဆေးခန်းလာပြတဲ့လူနာရောက်လာလေသည်။

"လရိပ်ခဏနော် ငါလူနာကြည့်လိုက်ဦးမယ်"

"အေးပါ စိတ်ချလက်ချသွား"

"နင့်ပြောပုံကြီးကလဲ ငါကပဲသေရွာသွားတော့မယ့်ပုံနဲ့ ငါကလူနာခဏကြည့်ရုံပါကွာ"

ဟိန်းသန့်ကပွစိပွစိပြောရင်း လူနာကြည့်တဲ့အခန်းထဲဝင်သွားလေသည်။

ဟိန်းသန့်ကိုစောင့်ရင်း လရိပ်ပျင်းပျင်းနဲ့စာအုပ်ဖတ်ရင်း ထိုင်စောင့်နေလိုက်သည်။

တဖြည်းဖြည်းနဲ့ သူ့ဆေးခန်းကလူပိုစည်လာသည်။ဖျားနာတဲ့သူကလဲ အဲ့လောက်တောင်များလိုက်ရလား။လရိပ်ရောက်လာမှပဲ သူ့ဆေးခန်းကလူလာစည်နေသည်။

အတော်ကြာမှ ဟိန်းသန့်ရောက်လာသည်။

"ပျင်းသွားပြီလား လရိပ်"

"နင့်ဆေးခန်းကငါနဲ့ဓာတ်တည့်တာထင်တယ် ငါလာမှလူပိုစည်နေသလားလို့"

ကံကြမ္မာစေရာWhere stories live. Discover now