<DEVIL 4>

192 33 8
                                    

    ရုတ်ချည်းဆိုသလို ဖြစ်ပျက်သွားသည့်ညအလယ်မှာ နိုင်ငံခြားသံစဉ်က တိုးညင်းစွာ လွင့်ပျံလျက် ....
      ဘာမှန်းညာမှန်း မသိတော့လောက်အောင်နာကျင်နေမှုက နှလုံးသားတစ်နောမှ..
မငိုတတ်တော့လောက်အောင် ထိတ်လန့်ပြူးကျယ်နေသော မျက်လုံးများက သားရဲတစ်ကောင်ကို တွေ့လိုက်ရသော သမင်လေး တစ်ကောင်နှယ်....

      ချစ်သူရယ်....ဘယ်လိုလုပ်ရက်ရတာလဲ.....!!
မင်းအတွက် အသည်းကို ပုံအပ်လိုက်တဲ့ သူအပေါ် ဘယ်လိုပြုမူလိုက်တာလဲ??

     နှစ်ယောက်အိပ် ကုတင်ပေါ်မှာ ဘေးတစောင်းလှဲပြီး စီးကရက်ဖွာနေရင်း သူ့ကိုလှမ်းကြည့်နေသည့် မျက်နှာတစ်ခုဆီကို Renjun ကြောက်ရွံ့တုန်လှုပ်စွာ လှမ်းကြည့်မိသည်....

     Jaemin ကသူ့ကို ရောင်းစားလိုက်တာလား?အို ဘုရားသခင် ...ကယ်တော်မူပါ Renjun အတွေးတို့ဖြင့် တစ်ယောက်ယောက်ယက်ခက်နေသည် ...
ရုတ်တရက်ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားမှုကြောင့် သူ့အနားသို့ ထလာသောလူကြီးကြောင့် Renjun ထပ်မံထိတ်လန့်ရပြန်သည်

      "‌ေဘဘီ ဘာဖြစ်လို့လဲ အရမ်းကြောက်နေလား"

   "ခင်ဗျား ကျွန်တော့နား မလာခဲ့နဲ့နော်.. ကွျန့်တော်ဘာသာနေပြီးစဉ်းစားပါရစေ.ကျွန်တောဘာဖြစ်ခဲ့တာလဲ...ကျွန်တော့်ဘဝကြီးကရော.....ဘာဆက်လုပ်ရမလဲ ...."

     Renjun တီးတိုးရေရွတ်မိရင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်တို့ကြောင့် မျက်ရည်တစ်ရွှဲရွှဲ.....

     "‌ေဘဘီ‌ရယ် ....မငိုပါနဲ့...ဘေဘီ့စိတ်တွေ တည်ငြိမ်လာတဲ့အခါ...ကိုယ်အားလုံးကိုရှင်းပြပါမယ်"

      ထိုလူကြီး၏စကားကို Renjun ခေါင်းခါရမ်းပစ်လိုက်သည်

   "ဟင့်အင်း...ကျွန်တော့်ဘဝကို ကျွန်တောဆုံးဖြတ်မှာပေါ့ ...ဒါက ကိုရီးယားနိုင်ငံထဲမှာလား ကိုရီးယားနိုင်ငံ ဟုတ်ပါတယ်နော် ကျွန်တော်ရောင်းစားခံရတာလား ကျွန်တော့်ကို ဘယ်လောက်နဲ့ ရောင်းစားခဲ့တာတဲ့လဲ ကျွန်တောမှားသွားပြီး သူ့ကိုယုံခဲ့မိတာ မှားသွားပြီ ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ အမှား ..."

DEVILWhere stories live. Discover now