<DEVIL 5>

266 36 20
                                    

           ယခုတော့ Renjun ဟာ သူ....မဟုတ်တဲ့  တစ်ခြားသူတစ်ယောက်နဲ့ .....

         “‌ေရာ့ ...ဒီမှာ ကိုယ်တို့ရဲ့ လက်ထပ်စာချုပ်ဘေဘီ့ကို ကိုယ်က မတရားယူခဲ့တာမဟုတ်ပါဘူးကွယ်... ”

        ဟင် ဒါက Jaemin သူ့ကို လက်မှတ်ထိုးခိုင်းခဲ့သည့် စာရွက်
Renjun သေသာ သေလိုက်ချင်တော့သည် ...

         “‌ေဘဘီ့ကို ကိုယ်က အမြတ်တနိုးနဲ့ချစ်ခဲ့တာပါ...တကယ်တော့ကိုယ်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ ဒါပေမဲ့ ဘယ်သူ့မှ စိတ်မဝင်စားပဲ မင်းနဲ့ကျမှ ကိုယ့်အသည်းနှလုံး အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့တာပါ....”
 
         တော်တော် အဓိပါယ် မရှိတာပဲ......... သူချစ်ခဲ့တာက တစ်ယောက် တကယ်ယူရတာက တစ်ယောက်..... Renjun .... Jaemin ကိုအသည်းအူ ဗြောင်းဆန်အောင် စက်ဆုပ်မုန်းတီးသည် ....

          ဖြစ်လေရာ ဘဝတိုင်းမှာ Jaemin ဆိုသော ထိုလူသားနှင့် မဆုံဆည်းချင်တော့ သူ့မျက်နှာကို ဘယ်တော့မှ မမြင်ရသည့် သူဖြစ်ပါစေဟု ဆုတောင်းမိလောက်အောင် ကိုယ့်ဘဝကို နာကျည်းမိပြန်သည်...

         “ဦး‌ေ‌လးကြီးနဲ့ Jaemin က နောက်ရော တွေ့ကြဦးမှာလားဟင်”

        “ဘာလို့လဲ ဘေဘီ”

       “ကျွန်‌ေတာ် သူ့ကိုအရမ်းမုန်းတယ် တစ်ခြားတစ်ယောက်ရဲ့ဘဝကိုနင်းခြေခုတတ်ပြီးမှ ကိုယ့်ဘဝကို မြှင့်တင်တည်‌ေဆာက်တတ်တဲ့ Jaemin ကို နာကျည်းတယ် ...ကျွန်တော်အသက်ရှင်နေသမျှသူ့ကို ဘဲ မမြင်ချင်ဘူး မြင်ရရင်လည်း သူ့ကိုသတ်မိလိမ့်မယ်”

         “အာဃာတ တွေ အညိှုးအတေးတွေ ထားမနေပါနဲ့ ဘေဘီရယ်.....ကိုယ့်ဘေဘီလေး စိတ်‌ေတွ ပင်ပန်းနောက်ကျိနေပါ့မယ် ...ဘဝကို အထိုက်အလျောက် နှလုံးသွင်းပါကွယ် ....ဘေဘီ့ကို ကိုယ်က ချစ်တယ်လေ ကိုယ်တို့ကို အဆင်ပြောအောင် ဆောင်ကျဉ်းပေးတဲ့ မြားနတ်မောင်လို့သာ မှတ်ယူလိုက်ပါကွယ်...”

           မင်းသားလေးတစ်ပါးအသွင် ချောမောလွန်းနေသည့် Renjunကို Jeno ကုတင်ပေါ်သို့ပွေ့ချီလိုက်သည် ...

           သူဟာ အရုပ်တစ်ရုပ်လား!?...ဒါမှမဟုတ် ....အစမ်းသပ်ခံ လူသားတစ်ယောက်လား!!?

DEVILHikayelerin yaşadığı yer. Şimdi keşfedin