<DEVIL 6>

201 29 4
                                    

      "တိတ်ပါကွာ ....ကိုယ် နောက် မဆူတော့ဘူးနော်"

         Jeno က ချော့မော့နေသည့်တိုင် တံတောင်ဆစ်ကွေးလေးထဲ မျက်နှာအပ်ကာ ငိုကျွေးနေသည့် သူ့ကလေးငယ်က အင်မတန် ဖြူစင် လှသည့် အဖြူထည်လေး...

       ထို့နောက် လည်တိုင်ဆီမှ အေးစက်စက်အထိအတွေ့...
Jeno က Renjun ကို ဆွဲကြိုးလေး ဆွဲပေးနေသည်တဲ့လေ ...
ဆွဲကြိုးလေးမှာ ဆွဲထားသော locket မမည်သော စာလံုးလေး *J*

      "အို ဒါ ဘယ်သူ့ဟာတွေလည်း ကျွန်တော်ဒါတွေ မလိုအပ်ဘူး ....မလိုချင်ဘူး"

       "ဘေဘီရယ် မင်းဟာ ကိုယ့်ရဲ့ ချစ်သည်းညှာလေးပါ ...မင်းလေးတွက်မဟုတ်ရင် ဘယ်သူ့အတွက် ဖြစ်ရဦးမလဲ မင်းလေးဟာ သိပ်ဖြူစင်ရိုးအလွန်းတယ် "

      Jeno က Renjun ရဲ့ ဆံနွယ်လေးတွေကို အသာအယာ ထိုးဖွပေးရင်း စကားဆိုသည် ...

                "ကျွန်တော်က ခင်ဗျားတို့လို ...မြို့ကြီးသားတွေမှ မဟုတ်တာ .....ဘယ်လို လည်လည်၀ယ်၀ယ် ရိှပါ့မလဲ...."

        "အဟားး ....ကိုယ်က လူလည်ကြီးဆိုပါတော့ .....လူလည်ကြီးလည်း အသည်းနဲ့ပါ ..."

          Jeno က ပြောပြောဆိုဆို Renjun ၏ပါးဖောင်းဖောင်းလေးကို နမ်းရိှုက်ရန်ပြင်လိုက်သည်
သို့သော် Renjun ၏ အလျင်အမြန်ရှောင်တိမ်းမှုကြောင့် လွဲချော်ခဲ့လေသည်

              "Why ဘေဘီ ...Why ...
ကိုယ်တို့ကအခု သက်ဆိုင်သူတွေ ဖြစ်နေပြီလေ ...ဘေဘီက Jaemin ကို မေ့မရနိုင်သေးဘူးလား သူ့ကိုချစ်နေတုန်းပဲလား"

        "ဟင့်အင်း ....ကျွန်တော်သူ့ကို မချစ်ဘူး မုန်းတယ် နောက်ဆို သူ့အကြောင်းမပြောပါနဲ့ ..."

        Renjun ....Jaemin အကြောင်းကို ‌တွေးမိသည်နှင့် မျက်ရည်များ အလိုလို ကျလာမိသည် ..
      ဘာကြောင့် Jaemin အကြောင်း တွေးလိုက်တာနဲ့ မျက်ရည်ကျရသလဲ ဆိုတာ ကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်....

            Jaemin ....Na Jaemin ...
ခင်ဗျားကျွန့်တော့်ဘ၀ ကျွန့်တော့်စိတ်ထဲကနေ ထွက်သွားပါတော့ ....

       "ဟာ ကိုယ့် ဘေဘီလေး မျက်ရည်ကျနေပြန်ပြီ....ကိုယ် နောက်တစ်ခါ သူ့အကြောင်းမပြောတော့ဘူးနော် ....တိတ် ...တိတ်...အိုက်ယား ကိုယ့်ကလေးရယ် မင်းလေးရဲ့မျက်ရည်တွေမြင်ရင် ကိုယ်ရင်နာလို့ပါ"

DEVILWhere stories live. Discover now