ZAW
ဘတ်ဟျွန်း ကျောခိုင်းပြီးပဲ လှည့်ပြန်လာတယ်။
ဒဏ်ရာတွေက ပိုပြီးနာလာသလိုပဲ။ငါကတော့ အသက်တမျှ
ချစ်ရတဲ့မင်းကို ကယ်ဖို့ သေရေးရှင်ရေးတောင်ဂရုမမှုပဲ လာ
ခဲ့ရတယ်။မင်းတို့ကတော့ ပျော်ပွဲစားပွဲတောင် ကျင်းပနေကြတယ်။သူခပ်ဟဟရယ်လိုက်ပြီး မြင်နေရတဲ့ လရောင်အောက်က
တောက်ပနေတဲ့ လှိုင်းအသေးစားလေးတွေနဲ့ ပင်လယ်ပြာကြီးကိုငေးမောကြည့်လိုက်တယ်။ဒီလိုပင်လယ်ပြာကြီးထဲ ငါပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။
နာကျင်စရာတွေမရှိပဲ။ဝမ်းနည်းမှုတွေမရှိပဲ အားလုံးကို
မေ့သွားရင် သိပ်ကောင်းမှာပဲ။မျက်ဝန်းထောင့်ကနေ မျက်ရည်စက်သေးသေးလေးစီးကျ
လာတယ်။မသုတ်ဖြစ်တော့ဘဲ ဘေးနားက သစ်ကိုင်းပေါ်မှာ
ဒူးလေးနှစ်ဖက်ပိုက်ပြီး နာနာကျင်ကျင်ငိုလိုက်တယ်။"နည်းလမ်းလိုချင်လား ကောင်လေး"
အနောက်ကနေကြားလိုက်ရတဲ့ အသံကြောင့် သူလန့်သွားကာ ထရပ်လိုက်တယ်။အခြားသောသူရဲ့အသံမဟုတ်တဲ့
ဟော့ရဲ့အသံ။သူလွတ်လပ်ရှာရမယ်။
သူပြေးမလိုလုပ်နေတုန်း သူကဟော့ရဲ့လက်ထဲမှာ ဖမ်းခံလိုက်ရပြီ။"ငါ့ကိုလွှတ်"
"ဟားဟား နေပါဦး အသေးလေးရာ နည်းလမ်းလိုချင်လား"
"ဘာနည်းလမ်းမှ မလိုချင်ဘူး ငါ့ကိုလွှတ်"
"ပီတာကို ရမယ့်နည်းလမ်းလေ"
ရုန်းကန်နေတဲ့ ဘတ်ဟျွန်းက ရုတ်ချင်းငြိမ်သက်သွားတယ်။
မြေခွေးလိုဉာဏ်များတဲ့ ဟော့ရဲ့စကားကို သူမယုံဘူး။"ဖယ်စမ်း ငါ့ကို"
"အင်းး ၀င်ဒီဆိုတဲ့ ကောင်မလေးကြောင့် ပီတာကမင်းဆီမလာတော့ဘူးလေ အဓိကဆိုတဲ့ ၀င်ဒီကိုဖယ်ထုတ်လိုက်ရင် ပီတာက မင်းဆီရောက်လာလိမ့်မယ်"
ပြောတဲ့ဟုတ်သလိုလိုရှိတာကြောင့် သူခဏငိုင်ကာ တွေးတောလိုက်တယ်။ဝင်ဒီက အနှောက်အယှက်ပဲလေ။သူနဲ့ချန်းယောလ်ကြားမှာ ၀င်ဒီဝင်ပါနေလို့သာ ချန်းယောလ်ကသူ့ကိုပြန်မချစ်တာ။ဟုတ်တယ်။ဝင်ဒီကို ရှင်းထုတ်ပြစ်ရမယ်။
![](https://img.wattpad.com/cover/279188680-288-k536165.jpg)
YOU ARE READING
𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]
FantasyPeople have only seen the delightful love of Peter Pan and Wendy. And...Tinkerbell's one-sided love has been ignored, so this story is written about Tinkerbell's feelings that people have rejected.