ZAW
ချန်းယောလ်ရဲ့ နေထိုင်မှုအတွက်က သိပ်ပူစရာမလို...။
လူတွေသုံးတဲ့ ပိုက်ဆံဆိုတဲ့ဟာကို သူမြင်ဖူးပြီးသားဖြစ်သလို နေရာထိုင်ရေးအတွက်ဆိုရင် ထိုပိုက်ဆံရှိမှ အဆင်ပြေမယ်။သူ့မှာ ငွေသားတွေမရှိပေမယ့် သူNeverland မှာစုဆောင်းမိတဲ့ ရတနာအချို့ကို ငွေသားအဖြစ်လဲလှယ်ပြီး ထိုငွေတွေနှင့်သာ အိမ်လေးတစ်လုံး ၀ယ်သည်။
သူနေထိုင်နေရာ အိမ်ကလေးက အရမ်းလည်းမသေးသလို အရမ်းလည်းမကြီးတဲ့ သူ့အတွက် နေထိုင်နိုင်ရုံလောက်ကလေး အဆင်ပြေသည်။
သူက တစ်နေ့တစ်နေ့ အခေါက်ပေါင်းမနည်းအောင် သူ့အိမ်ဘေးကို သွားသွားချောင်းတယ်။အဲ့ဒီအိမ်က ဘတ်ဟျွန်း အိမ်ပဲ။ရေကန်အသင့် ကြာအသင့်ဆိုသလိုပဲပေါ့။
သူ့အတွေးနဲ့သူ သဘောတကျပြုံးပြီး လက်ထဲက ဖန်ပုလင်းလေးကို ကြည့်လိုက်တယ်။ဘတ်ဟျွန်းအကြိုက် သကြားလုံးလးတွေ...။
အချိန်ရှိခိုက် လုံ့လစိုက် ဆိုသလို ဘေးအိမ်ကို အပြေးသွားလိုက်တယ်။အိမ်ရှေ့က ဘဲလ်ကို တီးလိုက်တော့ တံခါးကပွင့်မလာသေး။ပုလင်းလေးကို တံခါးရှေ့တည့်တည့် အောက်ခြေမှာ ထားခဲ့လိုက်ပြီး ပြန်လာခဲ့တယ်။အိမ်ထဲပြတင်းပေါက်နေ ချောင်းကြည့်လိုက်တော့ သူ့အိမ်ရှေ့လေးမှာ ပုလင်းလေးကိုင်ပြီး ကြောင်တောင်တောင်ဖြစ်နေတဲ့ ဘတ်ဟျွန်းကို တွေ့ရတယ်။
မပြောင်းလဲသေးဘူး။သကြားလုံးတွေ ကြိုက်တတ်တဲ့ ဘတ်ဟျွန်းက။သူပေးထားတဲ့ သကြားလုံးတွေကို အရသာခံကြည့်ပြီး သဘောကျတဲ့ မျက်နှာထားလေး ဖြစ်သွားတာကို သူကပြုံးပြုံးကြီး သဘောကျစွာကြည့်နေတယ်။
ပြီးတော့ ဘေးပတ်ဝန်းကျင်ကို ခေါင်းလေးပြူကြည့်ပြီး အိမ်ထဲကုတ်ကုတ်လေး ၀င်သွားတာတွေ့တော့ အသံထွက်အောင်ကို သဘောကျစွာ ဟက် ကနဲရယ်ချမိတယ်။
ရှေ့လျှောက် ဘတ်ဟျွန်းရဲ့ပုံစံလေးနဲ့ သူနဲ့လွယ်မှာမဟုတ်တော့ဘူး။ပြေးခွင့်တောင် မပေးတော့ပဲ အိတ်ကတ်ထဲ ထည့်သိမ်းထားမိဆော့မယ်။
ချန်းယောလ်ရဲ့ နေ့ရက်တွေက သာသာယာယာပါပဲ။အဓိကကတော့ ဘေးအိမ်ကကောင်လေးကြောင့်ဆိုတာတော့ မမှားဘူး။
![](https://img.wattpad.com/cover/279188680-288-k536165.jpg)
YOU ARE READING
𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]
FantasíaPeople have only seen the delightful love of Peter Pan and Wendy. And...Tinkerbell's one-sided love has been ignored, so this story is written about Tinkerbell's feelings that people have rejected.