16

451 94 4
                                    

ZAW

ဝီလီယံဆိုတဲ့ နာမ်စားအကြွင်းအကျန်လေးက ငါဖျောက်ပြစ်ခဲ့တဲ့ မင်းရဲ့ မှတ်ဉာဏ်တွေထဲ မပါဝင်တော့ပေမယ့် မင်းရဲ့မမှတ်မိတော့တဲ့ အတိတ်မှာ ငါက အကောင်းဆုံး သူငယ်ချင်းလေးအဖြစ် ပါဝင်ခဲ့တယ်မဟုတ်လား။

မင်းပျောက်ကွယ်သွားပြီး ငါက၀မ်းနည်းနာကျင်နေခဲ့ရတာထက် ငါပဲပျောက်ကွယ်သွားပြီး မင်းချစ်ရသူနဲ့ပျော်နေပါ။

ငါဆိုတဲ့ ဖြစ်တည်မှုလေးကအစကတည်းက မထင်မရှားရှိနေခဲ့ပြီး လမ်းချိုးတစ်ကွေ့မှာ မင်းကိုချစ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

ငါဆိုတဲ့လူက ငေးကြည့်ရုံတင် ရောင့်ရဲ့ပါတယ်။
ဘယ်လိုနေရာ အနေအထားပဲဖြစ်ဖြစ် ငါဆိုတဲ့လူက မင်းလိုအပ်တိုင်း ရှိနေပေးပြီးမင်းတစ်ယောက်ကိုသာ ငေးကြည့်ချင်ပါတယ်...။

ငါဆိုတဲ့နေကြာပန်းလေးကို မင်းက အသိအမှတ်ပြုပေးမယ်မဟုတ်လား။မင်းသိပ်ကြိုက်တဲ့ နေကြာခင်းကြီးထဲမှာ ငါဆိုတဲ့ဝီလီယံက မင်းအတွက် ရှိနေပေးပါ့မယ်။

ချစ်ရသူနဲ့ပျော်ရွှင်နေရမယ်နော်...။
မင်းပြန်ချစ်ဖို့ အမောခံပြီးဆုတောင်းမနေတော့ပါဘူး။
အကယ်လို့ နောက်နောင်မှာ အခွင့်သာကြုံရင် တစ်စက္ကန့်လောက်လေးပဲဖြစ်ဖြစ် အင်း...ဒီလောက်ပါပဲ မင်းငါ့ကိုပြန်ချစ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

မင်း...ချစ်ရသူနဲ့ပျော်နေပါ။
ငါချစ်ရတဲ့ သက်တန့်လေးရေ...။

အန်ရာက စာရွက်လေးထဲက ရေးသားတဲ့ စာတွေကိုဖတ်ပြီးတော့ မျက်ရည်တွေခိုးသုတ်လိုက်တယ်။
ပြီးတော့ စာရွက်လေးကို ကျူးလစ်ပန်းလေးကိုမျှော်ငေးနေတဲ့ နေကြာပန်းလေးနဲ့ အောက်ခြေ မြေလေးထဲမှာ မြုတ်နှံထားလိုက်တယ်။

တတိယလူတွေရဲ့ အချစ်တွေက ရူးမိုက်ဆန်တယ်။
ကိုယ့်အတွက်ဆိုပြီး ဖြစ်တည်မလာတာတောင် အပင်ပန်းခံပြီး ပေးဆပ်ချစ်ချင်ကြတယ်။

မင်းအကောင်းဆုံး ချစ်ပေးခဲ့ပါတယ်...။
မင်းမရှုံးခဲ့ပါဘူး။အဓိကဇာတ်လိုက်၂ယောက်ကသာ ပေါင်းဖက်ခွင့်ရခဲ့ပေမယ့်လို့ မင်းကတော့ မပြောပလောက်တဲ့ အချစ်တွေနဲ့ ချစ်ပေးနိုင်ခဲ့လို့ မင်းကလည်း အနိုင်ရခဲ့ပါတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now