𝑃𝑎𝑟𝑡 1

1K 76 8
                                    

ညနေခင်းရဲ့နေဝင်ဆည်းဆာချိန်ကသိပ်ကိုလှနေလေရဲ့ တဖြည်းဖြည်းနဲ့နေလုံးကြီးကလည်းပုစွန်ဆီရောင်သန်းနေပြီးမကြာခင်မှာပဲ ပင်လယ်ပြာပြာကြီးပေါ်ကိုအလင်းရောင်တွေဖုံးလွှမ်းသွားတယ် လေလေးတွေတဖြူးဖြူးနဲ့တချက်တချက်ကမ်းခြေကိုလာလာရိုက်တဲ့လှိုင်းသံလေးတွေကမ်းခြေတစ်လျောက်ပျံ့လွင့်နေလေရဲ့

ကမ်းခြေပြင်ရဲ့ကုန်းမြင့်နေရာလေးတစ်ခုပေါ်မှာသေချာစနစ်တကျဆောက်လုပ်ထားပြီးကြီးကျယ်ခမ်းနားလှပပြီးဟော်နန်းပမာသိပ်ကိုခံ့ညားထယ်ဝါတဲ့အိမ်ကြီးတစ်လုံး
ထိုအိမ်ကြီးကလည်းဒီကမ်းခြေရဲ့အလှအပတွေများစွာထဲကမှတစ်ခုအပါအဝင်အိမ်ကြီးပေါ်ကနေပင်လယ်ပြင်ကြီးရဲ့အလှကိုကြည့်ရှုခံစားနိုင်တယ်

ထိုအိမ်က.....

ကျောပေါ်သို့ဖြန့်ချထားတဲ့ ရွှေအိုရောင်ဆံနွယ်လေးတွေကဟာလေထဲမှာတလွင့်လွင့်
ဝတ်ဆင်ထားတဲ့ အနက်ရောင်ဂါဝန်လေးကလေးကလည်း
ညနေခင်းနဲ့လိုက်ဖက်စွာ
ခြေရှည်တံသွယ်သွယ်လေးတွေနဲ့အသားရေလေးတွေကဝင်းဝါနေပြီးသူမရဲ့အလှကအစစအရာရာပြီးပြည့်စုံပြီးသိပ်ပြီးကိုလှပလွန်းတဲ့မိန်းကလေးတစ်ယောက်

ထိုအစစအရာရာပြီးပြည့်စုံပြီးသိပ်ကိုလှပလွန်းတဲ့မိန်းခလေးမှာ
အတွင်းစိတ်လေးကသိပ်ကိုနူးညံ့ပြီး
ဘဝကိုသာမန်ပဲဖြတ်သန်းချင်ပြီး
လွတ်လပ်ပျော်ရွှင်စွာနေချင်သူလေး
သူမအထက်တန်းကျောင်းသူကဘဝကထဲကမိဘနှစ်ပါးကွယ်လွန်ဆုံးပါးပြီးနောက်သူမထက်အသက်၂နှစ်ကြီးသောအမအရင်းဖြစ်သူနှင့်အတူနေခဲ့ရပြီးညီမနှစ်ယောက်ဖြတ်သန်းခဲ့ရတာအခုဆိုသူမလည်းကျောင်းပီးလို့မိဘတွေရဲ့ပိုင်ဆိုင်ခဲ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဥိးစီးလုပ်ကိုင်နေပြီ
မကြာသေးခကပဲင်နိုင်ငံခြားကနေဆေးပညာဘွဲ့ယူပြီးပြန်လာတဲ့အမဖြစ်သူJisooနဲ့တူသူမတို့ငယ်ငယ်ကမိဘတွေနဲ့အတူခနခနလာရောက်အပန်းဖြေလေ့ရှိတဲ့ဆိုးလ်နဲ့မနီးမဝေးကကမ်းခြေကအိမ်လေးကိုရောက်နေတတာဖြစ်တယ်ထိုအိမ်လေးကသူမတို့မိဘတွေနှစ်ယောက်ချစ်သူရည်းစားဘဝကဒီနေရာလေးကိုနှစ်ယောက်သဘောကျမိတာကြောင့်လက်ထပ်ပြီးနဲ့နောက်မှာဒီကမ်းခြေလေးရဲ့ကုန်းမြင့်လေးပေါ်မှာဒီအိမ်ကြီးကိုဆောက်ခဲ့တယ်သူမတို့ကလေးဘဝထဲကသူမတို့မိသားစုအားလပ်ရက်တွေဆိုဒီအိမ်လေးကိုလာရောက်အပန်းဖြေလေ့ရှိပြီးဒီအိမ်လေးနဲ့ဒီကမ်းခြေလေးကသူမတို့အတွက်မိသားစုအမှတ်တရတွေအများကြီးနဲ့ပြည့်နှက်နေရာလေးပေါ့...

𝐴 𝑀𝑖𝑙𝑙𝑖𝑜𝑛 𝑇𝑖𝑚𝑒𝑠 𝑂𝑣𝑒𝑟 𝐼'𝑙𝑙 𝐶ℎ𝑜𝑜𝑠𝑒 𝑌𝑜𝑢Where stories live. Discover now