ဘာလိုလိုနဲ့မနက်ဖြန်ဆို ဆိုးလ်ကိုပြန်ရတော့မယ် Chaeyoung တို့ဒီကိုရောက်တာာ၁၀ရက်တောင်ကြာခဲ့ပြီ Unnieနိုင်ငံခြားကနေပြန်လာထဲကမနားပဲ လေဆိပ်ကနေဒီအထိလာခဲ့ခြင်းဖြစ်သည် ဒီကိုမရောက်တာကလည်းUnnieနိုင်ငံခြားကိုသွားပြီးတဲ့နောက်ပိုင်းကထဲကမရောက်ဖြစ်တာ ၄နှစ်ရှိလောက်ရှိပြီဖြစ်သည် Chaeyoungဆိုးလ်မှာကျန်ခဲ့ပေမယ့်လည်းကုမ္မဏီကိစ္စတွေမအားတာနဲ့မလာဖြစ်ခဲ့ ။
Lisa _ " chaeyoungဘာတွေလုပ်နေတာလဲ "
Chaeyoung _ " အော် လီလီ ဘာမှမဟုတ်ပါဘူး မနက်ဖြန်ပြန်ရမယ့်အကြောင်းတွေးနေတာပါ "
Lisa _ " ဟင် ပြန်မယ် ပြန်မယ် ဟုတ်လား ဘယ်ကိုလဲ "
Lisaအူကြောင်ကြောင်ပုံလေးနဲ့မေးလိုက်တာကြောင့်Chaeyoungအူယားနေမိသည် သူမက
ခလေးတစ်ယောက်ပုံစံလိုအပြုအမူလေးလုပ်နေပုံကဖြူစင်လွန်းပြီးချစ်စရာကောင်းလေနေသည် ။Chaeyoung _ " ဆိုးလ် ကိုပြန်မှာလေ ဆိုးလ်ကအိမ်ကို "
Lisa _ " ဒါက Chaeyoung တို့အိမ်မဟုတ်ဘူးလား "
အိမ်အပေါ်ထပ်ကနေChaeyoungတို့စကားပြောနေတဲ့ဧည့်ခန်းစီသို့ဆင်းလာသည့်Unnieကလှမ်းပြောလိုက်ခြင်းဖြစ်သည် ။
Unnie jisoo _ " ဒါကUnnieတို့အိမ်ဟုတ်ပါတယ် လီလီရဲ့ Unnieတို့ ကဒီကိုအလုပ်အားတဲ့ရက်တို့ရုံးပိတ်ရက်တို့ဆိုအလည်လာပြီးနေကြတာ အခုက ဆိုးလ် ကအိမ်ကိုပြန်ရတော့မှာ "
Chaeyoung _ " ဟုတ်တယ် လီလီရဲ့ "
Lisa - " အော် ဟုတ် ဒါဆို လီလီကရော ဒီမှာနေခဲ့ရမှာလားဟင် "
Unnie jisoo _ " မနေခဲ့ရပါဘူးနော် Unnieတို့ကလီလီ့ကို ဆိုးလ်ကိုခေါ်သွားမှာ တစ်ယောက်ထဲနေခဲ့စရာလား မနေရပါဘူး "
Chaeyoung _ " Chaeတို့နဲ့အတူ လီလီပါလိုက်ခဲ့ရမှာ ဟုတ်ပီလား "
Lisa _ " ဟုတ် "
•••••••••••••••••••••••
•••••••••••••••••••••••••••••
•••••••••••••••••••••••••••••••••••Chaeyoungအိပ်မပျော်တာကြောင့်အိမ်ရှေ့ဝရံတာမှာထိုင်ရင်းကြယ်တွေကိုငေးကြည့်နေမိသည် ပင်လယ်ပြာပြာကြီးကတော့ညအခါကြောင့်မှောင်ရိပ်သန်းနေပေမဲ့လရောင်ကြောင့်ပင်လယ်ပြင်ကြီးပေါ်မှာအလင်းရောင်လေးတွေကထင်ဟပ်နေလေသည်။
YOU ARE READING
𝐴 𝑀𝑖𝑙𝑙𝑖𝑜𝑛 𝑇𝑖𝑚𝑒𝑠 𝑂𝑣𝑒𝑟 𝐼'𝑙𝑙 𝐶ℎ𝑜𝑜𝑠𝑒 𝑌𝑜𝑢
Romanceကိုယ်တို့နှစ်ယောက်ကိုဆုံတွေ့ခွင့်ပေးခဲ့တဲ့ကံကြမ္မာလေးကိုသိပ်ချစ်တာပဲ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ကမင်းပဲဖြစ်သလိုမင်းကကိုယ့်အတွက်တော့အဆုံးအစမဲ့တဲ့မြတ်နိုးမှုလေးတစ်ခု