" ဗျာ ဒါဆိုLisaလေးကပျောက်နေတာကြာပြီပေါ့ "
" ဟုတ်တယ် ရှေ့နေကြီး ကျွန်တော်လည်းစိတ်တအားကိုထိခိုက်နေတာ ကျွန်တော့်အကိုကြီးကလည်းရုတ်တရက်ကြီးဆုံးသွားတယ် ပြီးတော့အကိုကြီးဆုံးသွားတာမကြာသေဘူး အကိုကြီးရဲ့သမီး ကျွန်တော့်တူမလေးlisaပါပျောက်နေတယ် ဘယ်လိုလုပ်ရပါ့မလဲရှေ့နေကြီးရယ် "
Lisa၏ဦးလေးဖြစ်သူKaeမှာစိတ်မကောင်းစွာနှင့်မျက်နှာလည်းမကောင်း
" အေးဗျာ ကျွန်တော်လည်း အိမ်ကဇနီးကျန်းမာရေးအတွက်နိုင်ငံခြားကိုမဖြစ်မနေမလို့သွားလိုက်ရတာ ပြန်လာတော့အခုလိုကြားရတာစိတ်မကောင်ဘူး ဒါနဲ့lisaလေးပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ ရဲစခန်းကိုရောလူပျောက်တိုင်ထားသေးလား "
"ပျောက်နေတာအခုဆို၂လကျော်ပါပြီ လူပျောက်လည်းရဲစခန်းကိုမတိုင်ဖြစ်ပါဘူး မတိုင်တာကလည်း M Groupရဲ့တစ်ဦးတည်းသောဆက်ခံသူမလို့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်မှာဆိုးလို့ တိတ်တိတ်လေးပဲကျွန်တော်လိုက်စုံစမ်းနေရတာ "
" အင်းး ဒါပေမယ့်ခင်ဗျားရှာတာထက် ရဲစခန်းကိုအကြောင်းကြားလိုက်တာကပိုပီးရှာလို့လွယ်တာပေါ့ သူထွက်သွားတုန်းကရောဘယ်သွားမယ်လို့ရောခင်များကိုပြောသွားသေးလား "
" ကျွန်တော်လည်းစုံစမ်းနေတာပါ ဒါပေမဲ့အခြေအနေထူးမလာရင်တော့ မတတ်နိုင်ဘူးရဲစခန်းပဲလူပျောက်တိုင်ရတော့မှာပဲ ဘာမှပြောမသွားဘူးအပြင်ခနသွားမယ်ဆို့ပြီးပြောပြီးထွက်သွားတာ "
"lisaဘာမှမဖြစ်ပါစေနဲ့သူ့ကိုအမြန်ရှာတွေ့ပါစေလို့ကျွန်တော်တို့ဆုတောင်းရမှာပဲ ကျွန်တော့်နေနဲ့လည်း ဦးRio Manoban မကွယ်လွန်ခင် သူချန်ထားခဲ့တဲ့သေတမ်းစာအရသူရဲ့M groupနဲ့အတူသူပိုင်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပိုင်ဆိုင်တဲ့အိမ်ခြံကားဥစ္စာပစ္စည်းအားလုံးကိုသူ့ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့laLisa Manoban ပဲအားလုံးအမွေဆက်ခံခွင့်ရှိတယ်လို့သေတမ်းစာမှာချန်ထားခဲ့ပါတယ် ဒါတွေအားလုံးနဲ့ပတ်သတ်တဲ့အမွေလွှဲပြောင်းတဲ့စာချုပ်စာတမ်းတွေကိုlisaစီလွှဲပြောင်းပေးဖို့ကကျွန်တော့်မှာတာဝန်ရှိပါတယ် "
YOU ARE READING
𝐴 𝑀𝑖𝑙𝑙𝑖𝑜𝑛 𝑇𝑖𝑚𝑒𝑠 𝑂𝑣𝑒𝑟 𝐼'𝑙𝑙 𝐶ℎ𝑜𝑜𝑠𝑒 𝑌𝑜𝑢
Romanceကိုယ်တို့နှစ်ယောက်ကိုဆုံတွေ့ခွင့်ပေးခဲ့တဲ့ကံကြမ္မာလေးကိုသိပ်ချစ်တာပဲ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ကမင်းပဲဖြစ်သလိုမင်းကကိုယ့်အတွက်တော့အဆုံးအစမဲ့တဲ့မြတ်နိုးမှုလေးတစ်ခု