Chapter 1

710 42 12
                                    

တစ်ခုသောမနက်-
အိပ်ယာမှ နှိုးလာပြီး ရုတ်တရက်နာရီကိုကြည့်လိုက်တော့ သင်တန်းကျောင်းကိုသွားရန် နောက်ကျနေလေပြီ။ ကျမလဲ ခပ်သုတ်သုတ် လုပ်စရာရှိတာလုပ်ပြီး သင်တန်းကျောင်းသို့ အပြေးသွားရတော့သည်။
သင်တန်းကျောင်းသို့ရောက်တော့
ဆရာက ရောက်နှင့်နေပြီး ပြခန်းနှင့်ပက်သက်သည်များကို ပြောနေသည်။

Teacher - "ပြခန်းကို သွားကြည့်ပြီးကြပြီလား၊အတန်းပြီးလို့ မကြည့်ရသေးဖူးဆို သွားကြည့်ကြနော်၊ ပြခန်းနေရာတွေကို ဒီလိုစီစဉ်ပေးထားတယ် ဆယ်အာက A၊ ဂျင်ယုံးက B ၊ Minoက D "

Mino- "ဆရာ တခုလောက်ပြောလို့ရမလား ?
ကျတော်က ဒီတခေါက် တက္ကိဗေဒသုခုမပုံတွေကို ပြဖို့စီစဉ်ထားတာပါ၊ ပရိုဂျက်တာကိုသုံးမှာဖို့ ကျတော့်အတွက် D ထက် Cက ပိုအဆင်ပြေမယ်ထင်ပါတယ်"

Teacher- " ဘာဖြစ်လို့လဲ Dနေရာကလဲ အဆင်ပြေနေတာပဲကို၊ ဘာပဲဖြစ်ဖြစ် အတူတူပဲမို့ Dနေရာကိုပဲ မင်းသုံးလိုက်"
"Cကိုတော့ Jennieကပဲ ယူလိုက်၊ ဘယ်သူကျန်သေးလဲ၊ကျန်တဲ့သူမရှိတော့ဖူးဆို ပြပွဲမှာ ကိုယ်ယူထားတဲ့အပိုင်းကို ကိုယ်သေချာအာရုံစိုက်ကြပါ။ ကဲ ဒီနေ့တော့ ဒီလောက်ပဲ"

Mino- "ငါတကယ်စိတ်ညစ်တယ်၊ Jennieရေ Oppaအရမ်းအထီးကျန်နေသလိုခံစားရတယ်၊ ပါမောက္ခကတော့ နင့်ကိုအရမ်းအလေးပေးနေတာနော်၊ဘာလဲဟာ ငါ့ကိုလဲ မျှတအောင်လုပ်ပေးရမှာပေါ့ မဟုတ်ဖူးလား"

Jen-"သူစဉ်းစားပေးမယ်လို့ပြောထားတယ်မလား၊ Oppa ဂျေ၀င်နေတာလား"

Mino-"ဂျေ၀င်တယ် ၊ တမိုးအောက် Minoက ဂျေ၀င်တယ်ဟုတ်လား"ဆိုပြီး Mino Oppaရဲ့ ထုံးတမ်းအတိုင်းပွစိပွစိနှင့်ဘေးနားကနေ သူပြောချင်တာတွေပြောနေတော့သည်။

*************

အတန်းပြီးတော့ ပြပွဲတဲ့လိုအပ်တဲ့ပစ္စည်းတွေရှာဖို့ ပစ္စည်းအဟောင်းဆိုင်သို့သွားခဲ့သည်။
လိုအပ်တဲ့ပစ္စည်းများရှာဖွေနေတုန်း ဆိုင်ထဲသို့ စာအုပ်များကို ဘီးအသေးနှင့်တင်ပြီးကောင်မလေးတယောက်၀င်လာသည်။

Park Chae Young- "မင်္ဂလာပါ"

ဆိုင်ရှင်- "မိန်းကလေး ငါတို့က စာအုပ်ကို အလေးချိန်နဲ့၀ယ်တာ ပိုက်ဆံပိုလိုချင်ရင် စာအုပ်ဆိုင်မှာသွားရောင်းတာပိုကောင်းမယ်"

Our Love Story ❤️Where stories live. Discover now