ရက်ပိုင်းလောက်ကြာသောအခါ .....
ကျမရဲ့ ငယ်သူငယ်ချင်း ဂွမ်ယော့က သူ ဘူဆန်က
ပြန်ရောက်နေပြီး ကျမနဲ့ တွေ့ချင်သည်ဟု
ဆိုကာ ဖုန်းဆက်လာပြီး ကျမရဲ့ အနုပညာကျောင်းသို့ ရောက်လာခဲ့သည်။ကျောင်းအ၀င်တံခါးနားတွင်စောင့်နေသော ဂွမ်ယော့ကို မြင်တော့...
Jen - " Hi, စောင့်နေရတာကြာသွားပြီလား ဂွမ်ယော့"
ဂွမ်ယော့- "သိပ်မကြာသေးပါဘူး"
Jen-"နင်ဘယ်တုန်းက ပြန်ရောက်လာတာလဲ"
ဂွမ်ယော့-"၂ပတ်လောက်ရှိပြီ"
Jen- "၂ပတ်ရှိတာတောင် နင်ငါ့ဆီ ခုမှရောက်လာတာပဲ"
ဂွမ်ယော့- "ဆက်သွယ်လာတာပဲကျေးဇူးလိုက်ပါ ဒါနဲ့ နင်ပိုလှတာပဲ Jennie ရ"
Jen- "ဟီး တကယ်လား"
ဂွမ်ယော့ - "ဟားဟား နောက်နေတာ "ဆိုပီး လှေကားတွေဆီပြေးတက်သွားသည်။
Jen- "Ya!!!! ဒီကောင်စုတ်ကတော့"ဒီလိုနဲ့ ကျမရဲ့အလုပ်ခန်းထဲ၌ ကော်ဖီနှင့် ဧည့်ခံကာ
ကျမတို့ သူငယ်ချင်း၂ယောက် စကားစမြည်ပြောနေကြသည်။ဂွမ်ယော့ - " ဆိုးလ်ကလဲ အေးလိုက်တာဟာ"
Jen- "နင်ဘယ်တုန်းက ဘူဆန်သားဖြစ်သွားလို့ ဆိုးလ်ရဲ့ ဆောင်းတွင်းကိုအေးတယ် ဖြစ်သွားရတာလဲ ဒါနဲ့ နင့်ကောင်မလေးကော အတူမပါဘူးလား အခုဆိုးလ်ကိုလာတာ ပြီးတော့ သူ ငါတို့၂ယောက်ကို အခုထိ အထင်လွဲပြီးသ၀န်တိုနေသေးလား"ဟုဆိုကာ ကျမစနောက်လိုက်သည်။
ဂွမ်ယော့-"ဘာကို အထင်လွဲရမှာလဲ သူနဲ့ငါ လမ်းခွဲလိုက်တာ နှစ်၀က်တောင်ရှိသွားပြီ"
Jen-"ဟမ် တကယ်ကြီးလား"
ဂွမ်ယော့- "အင်း"
Jen- "ငါက နင်တို့ဘူဆန်ကို အတူပြောင်းသွားကြတော့ လက်ထပ်တော့မယ်တောင် ထင်နေတာ အဲ့တာဆို နင်က လမ်းခွဲပြီးတာတောင် ဘာလို့ ဘူဆန်မှာနေနေတာလဲ"
ဂွမ်ယော့-"ပိုက်ဆံရှာမယ်ဆိုပီး အိမ်ကထွက်လာတာလေ တပြားမှမပါပဲ အိမ်မပြန်ချင်လို့အဲ့မှာပဲ အလုပ်ဆက်လုပ်နေတာ အရင်က နေစရာမရှိလို့
ငါ သူ့အိမ်မှာတောင် ခဏနေခဲ့ရသေးတယ်"
Jen- "ကိုယ့်ဘာကိုယ် အဆောင်မငှားနေပဲ ဘာလို့အဲ့မှာနေခဲ့တာလဲ"
ဂွမ်ယေ့ာ- "အဲ့တုန်းကတော့ အခြေနေတွေကအဲ့လိုဖြစ်သွားတယ်ဟာ လူနှစ်ယောက်ဆက်ဆံရေးကလဲ ထူးဆန်းလိုက်တာဟာ ငါနဲ့သူ အရမ်းရင်းနှီးခဲ့ကြတာတောင် ခဏလေးအတွင်း အေးစက်သွားခဲ့ကြတယ် ပြီးတော့ သူ ကောင်လေးအသစ်ပါရသွားတယ်" ဂွမ်ယေ့ာက ၀မ်းနည်းနေတဲ့ အသံနဲ့ပြောပြနေတာ နားထောင်ရတော့ ကျမလဲ သူ့ကို သနားနေမိတယ်။
ဂွမ်ယော့- "ဒီအကြောင်းတွေပြောတာတော်ပြီဟာ ပျော်ဖို့လဲမကောင်းတော့ဘူး မတွေ့တာကြာတဲ့
ငါတို့ သူငယ်ချင်း၂ယောက်ပြန်တွေ့တာပဲ တခြားအကြောင်းပြောရအောင် နင်ရော အထွေအထူးမရှိဘူးလား?"
Jen- "ငါလား?"
ဂွမ်ယော့- "ငါကြည့်ရသေလာက်ေတာ့ နင် ရည်းစားလဲရသေးမယ့်ပုံမပေါ်ဘူးနော်"
ဂွမ်ယော့မှ ကျမကို အဲ့လိုပြောလာတော့
သိပ်မကြာခင်ရက်ပိုင်းကမှ ရည်းစားရထားတဲ့ကျမက ဟန်မဆောင်နိုင်ပဲ ထရီမိသည်။
ဂွမ်ယော့- "ဘာလဲ နင်ကရီနေတယ်ဆိုတော့ ရည်းစားရနေပြီလား? ပြောပါအုံး ဘယ်လိုကောင်လေးလဲ ချမ်းသာတာလား ရုပ်ချောတာလား ဘယ်ကလဲ ဘယ်သူလဲ" သူက တအံ့တဩနဲ့ ကျမကို တရစပ်မေးခွန်းများမေးနေသည်။
Jen- "တကယ်ပါပဲ ဂွမ်ယော့ရယ် ခဏခဏကောင်လေး ကောင်လေးနဲ့ ဘာဖစ်နေတာလဲ"
ဂွမ်ယော့ - "ဒ့ါဆို ဘာလဲ မကောင်းတဲ့ကောင်လား"
YOU ARE READING
Our Love Story ❤️
RomanceOur Love Story ဆိုတဲ့ Korea GL movieကို Channie Fic အနေနဲ့ ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။